ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Latest News - 105802 items
Ministry of Information / Posted on March 13, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ကျောက်ဆည်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ သက်ဆိုင်ရာဘာသာရပ်အလိုက် စိတ်အေးချမ်းသာစွာ ဖြေဆိုနေသည့် ကျောင်းသား ကျောင်းသူများကို လိုက်လံကြည့်ရှုအားပေးပြီး လက်တွေ့ဖြေဆိုမည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အားလုံးပူးပေါင်း၍ စာမေးပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်သည်အထိ အလေးထားဆောင်ရွက်ပေးကြရန်မှာကြားသည်။
Ministry of Information / Posted on March 13, 2026
လွန်ခဲ့သည့် ဆယ်နှစ်နှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် သွေးတိုးရောဂါဖြစ်ပွားမှုနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုတို့ အနည်းငယ်လျော့ကျလာပြီး သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီဓာတ်များခြင်းကဲ့သို့ ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာကြောင်း သုတေသနတွေ့ရှိချက်များအရ သိရသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကို STEPs Survey နည်းလမ်းဖြင့် လေ့လာခြင်းသုတေသနများကို ၂၀၀၃ ခုနှစ်၊ ၂ဝဝ၉ ခုနှစ်၊ ၂၀၁၄ ခုနှစ် နှင့် ၂၀၂၄ ခုနှစ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Ministry of Information / Posted on March 13, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ ရွှေနတ်တောင်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ ချောင်းဆုံမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျိုက်မရောမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ရှိ စာစစ်ဌာနများ၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
Ministry of Information / Posted on March 13, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် “ဒေသတွင်း ဒီဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
Ministry of Information / Posted on March 13, 2026
အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသော ပဋိပက္ခများကို အကြောင်းပြု၍ စွမ်းအင်လောင်စာဆီ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါပဋိပက္ခသည် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ကြာရှည်ဦးမည်ဖြစ်သည့်အပြင် ထပ်မံဖြစ်ပေါ်နေဦးမည့်အကြောင်းများလည်းရှိနေသည်။ ထို့ကြောင့် ရှိပြီးအရန်စက်သုံးဆီ၊ ထပ်မံရရှိလာဦးမည့် စက်သုံးဆီများကို ခြိုးခြံချွေတာ စနစ်တကျသုံးစွဲခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။
Ministry of Transport and Communications / Posted on March 13, 2026
နေ့စဉ်မိုးလေဝသသတင်း
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information/ Naypyitaw / February 18, 2026
