ဂျပန်နိုင်ငံ၊ကိုးရီးယားသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa on Arrival (Tourist) ကို (၂၁-၁၀-၂၀၂၅)ရက်မှ(၂၀-၁၀-၂၀၂၆)ရက်အထိ စမ်းသပ်ကာလ(၁)နှစ် ပထမအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ခွင့်ပြုကြောင်းအသိပေးကြေငြာခြင်း

Latest News - 100142 items

(၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံနှင့် (၅၃) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီအစည်းအဝေးများ ကျင်းပ

Ministry of Information / Posted on November 20, 2025

(၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံနှင့် (၅၃) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီအစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မြန်မာနိုင်ငံဘဏ်များအသင်းနှင့် အာဆီယံဘဏ်များအသင်းတို့က ကြီးမှူး၍ ယနေ့တွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ကျင်းပသည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

Ministry of Information / Posted on November 20, 2025

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ် အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူ ၃၆၄ ဦးအား နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) မှ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မအူပင်မြို့နယ် လေးအိမ်စုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Ministry of Information / Posted on November 20, 2025

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စုကျေးရွာရှိ စတုဘုမ္မိကမဟာသတိပဋ္ဌာန်ကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၉၆ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

Ministry of Information / Posted on November 20, 2025

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဒေါ်စန္ဒာဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)

Ministry of Information / Posted on November 20, 2025

၁။ ကလေးသူငယ်များသည် နိုင်ငံ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးအပါဆုံးအခန်းကဏ္ဍ၌ ပါဝင်သူများဖြစ်ရာ ၎င်းတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ရန် လိုအပ်ပါသည်။ ယင်း လိုအပ်ချက်ကို ကမ္ဘာက အသိအမှတ်ပြုသည့်အနေဖြင့် ၁၉၅၉ ခုနှစ်တွင် ကုလသမဂ္ဂကကလေးသူငယ်အခွင့်အရေးများဆိုင်ရာကြေညာစာတမ်း (Declaration of the Rights of the Child) ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၌ ကုလသမဂ္ဂအထွေထွေညီလာခံက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child – CRC) ကို အတည်ပြုခဲ့ရာ ယင်းသဘောတူစာချုပ်မှာ အဖွဲ့ဝင်နိုင်ငံအများဆုံး လူ့အခွင့်အရေးဆိုင်ရာစာချုပ်ကြီးတစ်ခုဖြစ်ပါသည်။ အဆိုပါစာချုပ် အတည်ပြုခဲ့သော နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့ (World Children’s Day) ဟု သတ်မှတ်ခဲ့ပြီး ယနေ့တွင် (၃၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ပို့ချသည့်သင်ခန်းစာများကို ကြိုးစားသင်ယူ၊ စာရင်းပညာ ပိုမိုပြန့်ပွားစေရေးအတွက် အသိပညာ၊ ဗဟုသုတများကို လုပ်ငန်းခွင်တွင် ပြန်လည်မျှဝေ

Ministry of Information / Posted on November 20, 2025

မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်၌ ဖွင့်လှစ်သည့် နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ် (၂)၊ အပိုင်း (၂) (Diploma in IFRS ၊ Batch-2 ၊ Level-II) သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025

ဂျပန်နိုင်ငံ၊ကိုးရီးယားသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa on Arrival (Tourist) ကို (၂၁-၁၀-၂၀၂၅)ရက်မှ(၂၀-၁၀-၂၀၂၆)ရက်အထိ စမ်းသပ်ကာလ(၁)နှစ် ပထမအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ခွင့်ပြုကြောင်းအသိပေးကြေငြာခြင်း


Ministry of Hotel & Tourism/ နေပြည်တော် / November 19, 2025


HOT NEWS
January 4,