စက်သုံးဆီအလုံအလောက်ရှိကြောင်းအသိပေးကြေညာချက်

Latest News - 105511 items

နိုင်ငံနှင့် ပြည်သူလူထု အကျိုးပြုမည့် မိုဘိုင်းလက်ကိုင်ဖုန်းများ မှတ်ပုံတင်စနစ်

Ministry of Information / Posted on March 06, 2026

​​​​​​​မိုဘိုင်းလက်ကိုင်ဖုန်းများ တစ်နည်းအားဖြင့် ဟန်းဆက်များ မှတ်ပုံတင်သည့်စနစ်ကို သက်ဆိုင်ရာက ဆောင်ရွက်နေကြောင်း ပြည်သူသို့ အသိပေးကြေညာထားသည်။ အဆိုပါစနစ်ကို “ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(Central Equipment ldentity Register_CEIR)” ဟုခေါ်သည်။ မှတ်ပုံတင်သည်ဟုဆိုရာတွင် မိုဘိုင်းလက်ကိုင်ဖုန်းများအပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက်ပစ္စည်းများ၏ မူရင်းအမှတ်အသား (Inter-national Mobile Equipment Identity-IMEl Code)ကို CEIR တွင် မှတ်ပုံတင်ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသံအမတ်ကြီးတို့အား သီးခြားစီလက်ခံတွေ့ဆုံ

Ministry of Information / Posted on March 06, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed M Al Howishan နှင့် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia တို့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီလက်ခံ တွေ့ဆုံသည်။

ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့် အစီအစဉ်ကို ပြည်သူသို့ အသိပေးကြေညာခြင်း

Ministry of Information / Posted on March 06, 2026

​​​​​​​၁။      ကမ္ဘာ့နိုင်ငံအချို့တွင် မိုဘိုင်းလက်ကိုင်ဖုန်း (Handset)များအပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက်ပစ္စည်း (ipad, Tablet, Notebook စသည်)များ၏ မူရင်းအမှတ်အသား (International Mobile Equipment Identity - IMEI Code)ကို ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR) ၌ မှတ်ပုံတင်စေ၍ နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်လျက်ရှိပါသည်။

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

Ministry of Information / Posted on March 06, 2026

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသော အထိမ်းအမှတ်ဓာတ်ပုံပြပွဲနှင့် ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။

အများပြည်သူအကျိုးစီးပွားရှေးရှု လူမှုစီးပွားထိန်းသိမ်းဆောင်ရွက်

Ministry of Information / Posted on March 06, 2026

​​​​​​​ပြည်သူများ၏ ပကတိလိုအင်ဆန္ဒမှာ နေ့စဉ်လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းပြည်အေးချမ်းသာယာရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုသည့်အချက်ကို အမျိုးသားရေးရည်မှန်းချက်အဖြစ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။

Posted on Mar 06, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။

Posted on Mar 05, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on Mar 04, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။

Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။

Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။

Posted on Mar 01, 2026

စက်သုံးဆီအလုံအလောက်ရှိကြောင်းအသိပေးကြေညာချက်

Ministry of Information/ Naypyitaw / March 05, 2026
image_latest

နေပြည်တော် မတ် ၅

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသည် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အများပြည်သူသို့ စက်သုံးဆီများ တင်သွင်းရောင်းချဖြန့်ဖြူးပေးလျှက်ရှိပါသည်။

လတ်တလောဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းဒေသကိစ္စရပ်များကြောင့် ပြည်ပမှစက်သုံးဆီတင်သွင်းရာတွင် ယာယီကြန့်ကြာမှုအချို့ရှိနိုင်သော်လည်း ပြည်သူလူထု၏ လိုအပ်ချက်များအတိုင်း စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် အရန်စက်သုံးဆီများကို လုံလောက်စွာ ကြိုတင်စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လာနေသည့်အတွက် မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လပ်မှု လုံးဝမရှိနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှု မရှိကြပါရန်၊ အတတ်နိုင်ဆုံးခြိုးခြံသုံးစွဲခြင်းဖြင့် အားလုံးလုံလောက်စွာသုံးစွဲနိုင်ရေး ကူညီပေးကြပါရန်၊ မိမိသုံးစွဲရန် လိုအပ်သလောက်သာဝယ်ယူကြပါရန်နှင့် စက်သုံးဆီများ အလုံအလောက်ရှိပါသဖြင့် စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲအချိန်ကုန်ခံ၍ တန်းစီဝယ်ယူခြင်းမပြုကြပါရန် မေတ္တာရပ်ခံအသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း