စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္
Latest News - 93475 items

Ministry of Information / Posted on July 02, 2025
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (ကြာတော)၊ အခြေခံပညာမူလတန်းကျောင်း (ပေါက်ပါး) နှင့် အခြေခံပညာမူလတန်းကျောင်း (ဇရပ်ကြီး) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on July 02, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on July 02, 2025
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကို အဓိကဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ ယခုနှစ်တွင် မိုးစပါး ၅၈၁၆၃ ဧက စိုက်ပျိုးသွားရန်လျာထားကြောင်း သိရသည်။

Ministry of Information / Posted on July 02, 2025
ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။

Ayeyarwaddy Region Government / Posted on July 02, 2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ကျန်းမာရေးမှူး(၃) (ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ပြုလုပ်သည့်အခမ်းအနားသည် ကျန်းမာရေးမှူး(၃)(ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားဖြစ်သည့်အတွက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် နိုင်ငံတော်၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်ကောင်းမွန်လာမှာဖြစ်ပါကြောင်း

Ayeyarwaddy Region Government / Posted on July 02, 2025
မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ဧရာဝတီ တိုင်းဒေသကြီး) ရုံးခန်းဖွင့်လှစ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ကုန်စည်ဒိုင်ဝန်းအတွင်းရှိ အဆိုပါရုံးခန့်ရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။