ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်

Latest News - 93165 items

TTTC (ဘယ်လင်း)တွင် အိန္ဒိယ Quick Impact Project ဖြင့် Tar-Free and Dry Type Gasifier သုတေသနနှင့် EV နည်းပညာရှင်များ မွေးထုတ်ဆောင်ရွက်

Ministry of Information / Posted on June 26, 2025

ပြည်သူများ EV သုံးစွဲမှုများ သိသာစွာမြင့်တက်လာသဖြင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် နည်းပညာရှင်များ လိုအပ်ချက်ရှိလာသဖြင့် ယင်းကို EV သင်တန်းများဖြင့် ဖြည့်ဆည်းပေးနိုင်‌ရန် ဆောင်ရွက်လျက်ရှိပြီး EV သုံးစွဲသည့် ပြည်သူများ အမှန်တကယ် အားထားရသော နည်းပညာရှင်များ ဖြစ်စေရေးအတွက် အာရုံစူးစိုက်မှုအပြည့် ဖြင့် ကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၂၂ ရက် မွန်းလွဲပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင် ကောလိပ် (TTTC ဘယ်လင်း) EV အလုပ်ရုံကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားသည်။

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရန်ကုန်မြို့အခြေစိုက်၊ ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ Dr. Rashid Abdulla AL- Kuwari အား လက်ခံတွေ့ဆုံ

Ministry of Transport and Communications / Posted on June 26, 2025

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရန်ကုန်မြို့အခြေစိုက်၊ ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ Dr. Rashid Abdulla AL- Kuwari အား လက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်မြို့အခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ

Ministry of Information / Posted on June 26, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရန်ကုန်မြို့ အခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ Dr. Rashid Abdulla AL- Kuwari အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဧည့်တွေ့ခန်း၌ လက်ခံတွေ့ဆုံသည်။

မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ထုတ်ပေးနိုင်ရေး ဖိုရမ်ကျင်းပ

Ministry of Information / Posted on June 26, 2025

မြန်မာ့ဒူးရင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်သစ်ဖော်ထုတ်ပေးနိုင်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဒူးရင်းတောင်သူများ တက်ရောက်ကြသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

Ministry of Information / Posted on June 26, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်း ထုတ်ပြန်ပြီးဖြစ်သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 25, 2025

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Jun 24, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 22, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၅ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပသွားမည်


Ministry of Transport and Communications/ Naypyitaw / June 25, 2025


၁။     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ - ၂၀၂၅ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် မိမိတို့၏ ဗီဒီယိုဖိုင်များအား ပြိုင်ပွဲဝင် လျှောက်လွှာများနှင့်အတူ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဆိုင်ရာအချက်အလက်များကို အောက်တွင် Download ရယူနိုင်ပါသည်-

၂။       ယခုပြိုင်ပွဲအား ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာများ တိုးတက်လာစေရန်၊ ကျောင်းသားများအနေဖြင့် လက်ရှိဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်၍ ဝေဖန်ပိုင်းခြားတွေးခေါ်မှု တိုးတက်လာစေရေး တွန်းအားပေးရန်၊ ကျောင်းသားများ၏ အရည်အသွေးနှင့် အရည်အချင်းများကို ပြသရန်၊ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအား မြှင့်တင်နိုင်စေရန်နှင့် ပြိုင်ပွဲတွင် ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံ၊ Cyber Security Brunei က Online မှတစ်ဆင့် တာဝန်ယူ ကျင်းပပြုလုပ်မည့် ASEAN-JAPAN Cybersecurity Awareness Video Competition (2025) ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။

၃။      ချီးမြှင့်မည့်ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    ပထမဆု        - ငွေကျပ် (၁၅) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

          (ခ)   ဒုတိယဆု      - ငွေကျပ် (၁၀) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

(ဂ)   တတိယဆု     - ငွေကျပ် (၇) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

          (ဃ)    နှစ်သိမ့်ဆု      - ငွေကျပ် (၃) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

          (င)   နှစ်သိမ့်ဆု      - ငွေကျပ် (၃) သိန်း၊ ဆုတံဆိပ် နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ။

၄။      ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ - ၂၀၂၅ (တက္ကသိုလ်အဆင့်)တွင် ပထမဆု ရရှိသော ဗီဒီယိုဖိုင်အား ASEAN-JAPAN Cybersecurity Awareness Video Competition (2025) သို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။

၅။      ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် မိမိတို့ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ဗီဒီယိုဖိုင်များအား competitions@ncsc.gov.mm အီးမေးလ်သို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ ၁၆း၀၀ နာရီ နောက်ဆုံးထား၍ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၉-၄၂၄၀၀၀၉၅၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

Download