တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများအား Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သူများအား ထပ်မံအရေးယူဆောင်ရွက်ခြင်း

Latest News - 93449 items

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on July 01, 2025

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အားကစားကွင်း၊အားကစားရုံများနှင့်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Kayin State Government / Posted on July 01, 2025

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အားကစားကွင်း၊အားကစားရုံများနှင့်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on July 01, 2025

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on July 01, 2025

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မြစ်ရေခန့်မှန်းချက်

Ministry of Transport and Communications / Posted on July 01, 2025

နေ့စဉ်မြစ်ရေခန့်မှန်းချက်

အင်းစိန်ဂျီတီအိုင်၌ EV နည်းပညာ အသိပညာပေးဆွေးနွေးပွဲ (၂/၂၀၂၅) ကျင်းပ

Ministry of Science and Technology / Posted on July 01, 2025

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ် ထားသော မူဝါဒ၊ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဥ် (EV)ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စဥ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇွန် ၂၇ နံနက် ၉ နာရီ၌ ရန်ကုန်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပပြုလုပ်သည့် EV နည်းပညာဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများအား Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သူများအား ထပ်မံအရေးယူဆောင်ရွက်ခြင်း


Ministry of Information/ Naypyitaw / May 28, 2024
image


၁။ အောက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါအဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပြည်ပမှ အဝယ်/အရောင်းဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူ ဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိပါသည်။

(က) ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင်

(ခ) Moe Latt

(ဂ) Si Thu & bro များ

(ဃ) ရန်ကုန်ငွေဈေး

(င) ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange

(စ) ဒေါ်လာရောင်းဝယ်

(ဆ) December Snow

(ဇ) June Lin Htet Naing

(ဈ) Htet Yan Money Exchange

(ည) Global Value Services-GVS Money Exchange and Transfer

(ဋ) Boss Online Money Exchange Services (Family Money Exchange)

(ဌ) Lucky Sky Gold Smith (Facebook Page)

(ဍ) Nay Myo Htet (Facebook Page)

(ဎ) Gold Market Myanmar (Facebook Page)

(ဏ) Ye Mon

(တ) Naing Lu

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့သော အဖွဲ့အစည်းများအား ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဖမ်းဆီးဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍လည်း စောင့်ကြည့်အရေးယူသွားမည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းများကိုလည်း ပြည်သူလူထု သိရှိရန် ကြေညာထုတ်ပြန်လျက်ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ထုတ်ပေးထားပြီး နိုင်ငံခြားငွေများ လဲလှယ်ရောင်းချခွင့်ရှိသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၌သာ လဲလှယ်ရောင်းချဝယ်ယူသွားရန် ထပ်မံအသိပေးအပ်ပါသည်။

၄။ အထက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် တရားမဝင်နိုင်ငံခြားငွေများရောင်းဝယ်၍ ငွေဈေးကစားနေသူများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ တို့အပြင် အများပြည်သူအကျိုးကို ထိခိုက်စေသည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့်ပါ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်