ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီ လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Latest News - 105924 items
Office of the Auditor General of the Union / Posted on March 16, 2026
Office of the Auditor General of the Union / Posted on March 16, 2026
Office of the Auditor General of the Union / Posted on March 16, 2026
Ministry of Information / Posted on March 16, 2026
စစ်ကိုင်းမြို့၌ ငွေကျပ် ၃၁၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများနှင့် တောင်ကြီးမြို့နယ်၌ ငွေကျပ် သိန်း ၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Ministry of Information / Posted on March 16, 2026
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Ministry of Information / Posted on March 16, 2026
EV Mechanics (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီ လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Ministry of Information/ Naypyitaw / February 14, 2025
၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
၂။ အသိအမှတ်ပြုလက်မှတ် သက်တမ်းကုန်ဆုံးပါက နည်းဥပဒေ ၂၁ အရ သက်တမ်းကုန်ဆုံး သည့်ရက်မှစ၍ ရက်ပေါင်း, ၆၀ အတွင်း သတ်မှတ်ပုံစံနှင့်အတူ အခကြေးငွေ ကျပ်တစ်သောင်းပေးသွင်း၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် လာရောက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၃။ သက်တမ်းကုန်လွန်သော အသိအမှတ်ပြုလက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်မရှိကြောင်းနှင့် သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
၄။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ၀၁-၅၄၁၄၁၃၊ ၀၁-၈၆၀၄၇၅၀၊ ၀၁-၈၆၀၄၇၅၁၊ ၀၁-၅၄၄၅၈၃ ၊ iprd.crd.ygn@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန