ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
Latest News - 103466 items
Ministry of Information / Posted on January 21, 2026
ဂမ်ဘီယာက မြန်မာနိုင်ငံအနေဖြင့် Genocide Convention Article I တွင် ဖော်ပြထားသော လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်မှုမရှိစေရေးနှင့် ကျူးလွန်သူများအား အပြစ်ပေးရန်နှင့် Genocide Convention Article V နှင့်အညီ ဥပဒေပြဋ္ဌာန်းရန် ပျက်ကွက်သည်ဟု စွပ်စွဲထားပါကြောင်း၊ ၂၃-၁-၂၀၂၀ ရက်နေ့တွင် ICJ တရားရုံးကချမှတ်သော ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်ကို ချိုးဖောက်ခြင်းအတွက်လည်း တာဝန်ရှိသည်ဟု စွပ်စွဲထားပါကြောင်း၊ လူမျိုးသုဉ်း သတ်ဖြတ်ခြင်းကို ကျူးလွန်ခြင်းအတွက် တာဝန်ရှိမှုနှင့် Genocide Convention တွင်ဖော်ပြထားသော ပြစ်မှုမြောက်စေသည့် အခြားဆက်စပ်မှုများကို ရှင်းပြလိုကြောင်း။
Ministry of Information / Posted on January 21, 2026
ဂမ်ဘီယာအနေဖြင့် သက်သေပြရန်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေသည့် ကျူးလွန်မှု (actus reus)ရှိကြောင်းနှင့် စပ်လျဉ်း၍ သက်သေပြနိုင်ခြင်းမရှိကြောင်း၊ ထို့ပြင် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်ရန်အတွက် အကာအကွယ်ပေးရမည့်အုပ်စုကို ရုပ်ပိုင်းဆိုင်ရာသို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးလိုသည့် သီးခြားရည်ရွယ်ချက်(dolus specialis)ဖြင့် ကျူးလွန်ခဲ့ခြင်းရှိကြောင်း သက်သေပြရမည် ဖြစ်သော်လည်း သက်သေပြနိုင်ခြင်းမရှိကြောင်း။
Ministry of Information / Posted on January 21, 2026
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့ တင်ပြလျှောက်ထားခြင်းကို ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker ၊ မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Sam-Bloom Cooper နှင့် Ms. Leigh Lawrie တို့က တုန့်ပြန်ချေပလျှောက်လဲခဲ့ကြသည်။
Ministry of Information / Posted on January 21, 2026
ဂမ်ဘီယာက မြန်မာတပ်မတော်သားများ၏ ပြောဆိုချက်များသည် လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိကြောင်းပြသသည့် သင်္ကေတဖြစ်ကြောင်းကို တပ်မတော်သားများက အွန်လိုင်းတွင် တင်သည့် ပို့စ် ၇ ခုကို ဖော်ညွှန်း၍ စွပ်စွဲထားကြောင်း၊ ယင်း ပို့စ် ၇ ခုကို အမုန်းစကားဟု သတ်မှတ်၍မရကြောင်း၊ ယင်းပို့စ် ၇ ခုအနက် Reuters သတင်းဌာနမှ ကိုးကားအသုံးပြုထားသည့် စွပ်စွဲချက်များတွင် “စစ်သား” ဟူသည့် အသုံးအနှုန်းပင် ပါဝင်ခြင်းမရှိကြောင်း၊ အခြားပို့စ်တစ်ခုကို သတင်းဌာနတွင် ဖော်ပြထားခြင်းပင်မရှိကြောင်း၊ အခြားပို့စ်တစ်ခုမှာ ဘင်္ဂါလီများ ရဲစခန်းကို တိုက်ခိုက်သည့်ဖြစ်စဉ်ကို ဖော်ပြသည့် သတင်းဆောင်းပါးဖြစ်ကြောင်း၊ သို့ဖြစ်ရာ တပ်မတော်သားများနှင့် သက်ဆိုင်သည်ဟု ဆို၍မရကြောင်း။
Ministry of Information / Posted on January 21, 2026
ဂမ်ဘီယာနိုင်ငံသည် ၎င်း၏ Memorial အခန်း (၁၁) နှင့် Reply အခန်း(၈)တို့တွင် ဖော်ပြခဲ့သော စွပ်စွဲချက်များကို လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်(genocidal intent)နှင့် သဘောတူစာချုပ်ကို ဖောက်ဖျက်မှုအတွက် သီးခြားတာဝန်ယူရမည့် အခြေခံအကြောင်းရင်းများအဖြစ် စွပ်စွဲထားပါကြောင်း၊ ထိရောက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပျက်ကွက်ခြင်းနှင့် သက်သေအထောက်အထားများကို ဖုံးကွယ်ခြင်းတို့သည် အမှန်တကယ် ဖြစ်ပွားခဲ့သည်ဟု ယူဆလျှင်ပင် လက်တွေ့တွင် ထိုသို့မဟုတ်ပါကြောင်း။
Ministry of Information / Posted on January 21, 2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေးနှင့် နိုင်ငံသားတိုင်း မဲပေးခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နန္ဒဝန်ရပ်ကွက်ရှိအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်
Ministry of Information/ Naypyitaw / January 21, 2026
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ရပါသည်။
အဖွဲ့အစည်းအသီးသီးမှ လူမှုကွန်ရက်ပေါ်တွင် ထောက်ခံအားပေးသည့် Post များရေးသားခြင်း၊ ထုတ်ပြန်ချက်များထုတ်ပြန်ခြင်း၊ မြေပြင်ထောက်ခံပွဲများ ပြုလုပ်ခြင်းများကို မည်သူ့တိုက်တွန်းချက်မှမပါဘဲ အားတက်သရောလုပ်ဆောင်နေကြသည်ကို လေးစားဂုဏ်ယူဖွယ် အသိအမှတ်ပြုပါသည်။
သို့ရာတွင် Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ တရားရင်ဆိုင်ဆဲကာလဖြစ်သဖြင့် အားပေးထောက်ခံမှုများအား လူမှုကွန်ရက်ပေါ်တွင်လည်းကောင်း၊ အဖွဲ့အစည်းများမှ မြို့/ရွာအသီးသီးတွင် ထောက်ခံပွဲ များပြုလုပ်ရာတွင်လည်းကောင်း အောက်ပါအချက်များအား အထူးသတိပြုလိုက်နာကြပါရန် နှိုးဆော်အပ်ပါသည် -
(၁) ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်။
(၂) လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများမပြုလုပ်ကြပါရန်။
(၃) တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မပြုလုပ်ကြပါရန်။
(၄) Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြပါရန်။
