ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့်အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း
Latest News - 108611 items
Office of the Auditor General of the Union / Posted on May 21, 2026
Ministry of Information / Posted on May 21, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့မွန်းလွဲပိုင်းက ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးမှူးများအား ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြေပဒေသာဥယျာဉ် စိုက်ပျိုးရေးပြတိုက်၌တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပြီး ဒေသအလိုက် ဝမ်းစာဖူလုံမှုအပြင် ပို့ကုန်ကဏ္ဍတိုးတက်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
Ministry of Information / Posted on May 21, 2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယနေ့နံနက်ပိုင်းက တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါး တူးဖော်ထိန်းသိမ်းထားရှိမှုနှင့် မြို့ရိုးအနီး ကျုံးကူးတံတားတည်ဆောက်ရန် လျာထားသည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
Ministry of Information / Posted on May 21, 2026
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လူငယ်လက်ရွေးစင် ကစားသမားများ ပွဲထွက်ခွင့် ပိုမိုရရှိစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာ့လက်ရွေးစင် လူငယ်အသင်းသုံးသင်းကို ကလပ်အသင်းအမည်များပြောင်းလဲပြီး ပြည်တွင်းအမှတ်ပေးလိဂ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
Ministry of Information / Posted on May 21, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Ministry of Science and Technology / Posted on May 21, 2026
UNION Minister for Science and Technology Dr Myo Thein Kyaw, who is currently in Russia, participated in the plenary international session of Digitalization of Industrial Russia 2026 titled “Digital Industry Map: Roles and Responsibilities on a Global Scale” on the evening of 19 May.
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့်အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း
Ministry of Finance and Revenue/ location / March 05, 2026
၁။ ကမ္ဘာ့နိုင်ငံအချို့တွင် မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များ အပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက်ပစ္စည်း (ipad, Tablet, Notebook စသည်) များ၏ မူရင်းအမှတ်အသား (International Mobile Equipment Identity - IMEI Code) ကို ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR) ၌ မှတ်ပုံတင်စေ၍ နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်လျက်ရှိပါသည်။
၂။ မြန်မာနိုင်ငံတွင်လည်း မိုဘိုင်းလက်ကိုင်ဖုန်း (Handset) သုံးစွဲသူပြည်သူများအနေဖြင့် စံချိန် စံညွှန်းနှင့် ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်အခွန်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များကို ပြည်တွင်းတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မတ်လ ပထမပတ်မှစ၍ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) အား စတင်အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၃။ အများပြည်သူတို့ လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များကို အခွန် ပေးဆောင်ရန် မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင်ရန် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် အလိုအလျောက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ အဆိုပါ ခွင့်ပြုစာရင်းတွင်ပါရှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက် နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ရေးကွန်ရက် (MPT ၊ ATOM ၊ U9 ၊ Mytel) များ၏ SIM Card များကို မိုဘိုင်းလက်ကိုင်ဖုန်း (Handset) အတွင်း ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန် လိုအပ်မည်ဖြစ်ပါသည်။
၄။ မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးပစ္စည်းများကို ပြည်ပမှ တင်သွင်းလိုသည့်ကုမ္ပဏီများအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လိုင်စင်လျှောက်ထား၍ တရားဝင် တင်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျသင့်အခွန်များကို ပေးဆောင်ပြီးပါက CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။
၅။ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ ခွင့်ပြုစာရင်းတွင်မပါရှိသည့် မိုဘိုင်းလက်ကိုင်ဖုန်း (Handset) များကို မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များနှင့် စတင်ချိတ်ဆက်အသုံးပြုချိန်မှ ရက်ပေါင်း (၃၀) အတွင်း ယာယီအသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ယင်းကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရရှိမည်ဖြစ်ပါသည်။
၆။ အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော https://www.ceir.gov.mm ၌ မိုဘိုင်း လက်ကိုင်ဖုန်း (Handset) ၏ မူရင်းအမှတ်အသား (International Mobile Equipment Identity - IMEI) ကို ထည့်သွင်းပြီး အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့် ကျသင့်အခွန်နှင့် ဒဏ်ကြေး များကို ပေးဆောင်နိုင်မည်ဖြစ်ပါသည်။
၇။ နယ်စပ်ဒေသများ၊ အင်တာနက်ရရှိရန်ခက်ခဲသောဒေသများရှိ ပြည်သူများအတွက် အဆိုပါ ဒေသရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးများတွင်ဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနရုံးများတွင်ဖြစ်စေ ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်မည်ဖြစ်ပါသည်။
၈။ အသေးစိတ်သိရှိလိုပါက အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော https://www.ceir.gov.mm ၌ ကြည့်ရှု၍ဖြစ်စေ၊ CEIR Call Center နံပါတ်များဖြစ်သည့် ၁၅၇၇ နှင့် ၁၇၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း၍ဖြစ်စေ ဆောင်ရွက်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။
CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီ
