မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၄)
Latest News - 105720 items
Office of the Auditor General of the Union / Posted on March 11, 2026
Ministry of Information / Posted on March 11, 2026
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Ministry of Information / Posted on March 11, 2026
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံကကြီးမှူး၍ ၂၀၂၆ ခုနှစ် မတ် ၃ ရက်မှ ၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ Makati မြို့၌ ကျင်းပခဲ့သည့် (၃၅) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး (The 35th Meeting of the ASEAN Socio-Cultural Comm-unity (ASCC) Council) သို့ တက်ရောက်ခဲ့သည်။
Ministry of Information / Posted on March 11, 2026
၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုနေသည့် အရာရှိ၊ စစ်သည်များအား သွားရောက် ကြည့်ရှုအားပေးကြသည်။
Ministry of Information / Posted on March 11, 2026
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Ministry of Information / Posted on March 11, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၄)
Ministry of Information/ Naypyitaw / May 28, 2024
၁။ ကလေးသူငယ်များသည် အနာဂတ်ကာလ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူ၍ လက်ဆင့်ကမ်း ထမ်းဆောင်ကြမည့်သူများ ဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် အဆိုပါကလေးသူငယ်များ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် များစွာမူတည်ပါသည်။ ပညာသင်ကြားခွင့် ဆုံးရှုံးခြင်းသည် ကလေးသူငယ်ကိုယ်တိုင်နှင့် နိုင်ငံ့အနာဂတ်အတွက်ပါ ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
၂။ ပညာသင်ကြားခွင့်သည် ကလေးသူငယ်များအတွက် မူလအခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် (၂၆) တွင် “လူတိုင်းတွင် ပညာသင်ယူခွင့်ရှိသည်” ဟု ဖော်ပြထားပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၆၆ (က) တွင်လည်း “နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ ပညာသင်ကြားပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည့် အားလျော်စွာ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိနိုင်ရေးနှင့် လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အခြေခံပညာမှစ၍ စနစ်တကျမြှင့်တင်ဆောင်ရွက်နေသည်ကို တွေ့ရှိရ ပါသည်။
၃။ ယခုအချိန်သည် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလဖြစ်ရာ မသန်စွမ်းကလေးသူငယ်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည့် ကလေးများအပါအဝင် ကျောင်းနေအရွယ်ကလေးတိုင်း မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲ မိဘများ၊ တရားဝင်အုပ်ထိန်းသူများ၊ မိသားစုဝင်များနှင့် သက်ဆိုင်သူများအားလုံးက ကလေးများ၏ အကောင်းဆုံးအကျိုးစီးပွားကို အဓိကထည့်သွင်းစဉ်းစား၍ အချိန်မီကျောင်းအပ်နှံနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အလေးအနက် တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်
