မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၅)

Latest News - 93471 items

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျန်းမာရေးမှူး(၃)(ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

Ayeyarwaddy Region Government / Posted on July 02, 2025

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ကျန်းမာရေးမှူး(၃) (ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ပြုလုပ်သည့်အခမ်းအနားသည် ကျန်းမာရေးမှူး(၃)(ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၁) သင်တန်းဖွင့်ပွဲအခမ်းအနားဖြစ်သည့်အတွက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် နိုင်ငံတော်၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်ကောင်းမွန်လာမှာဖြစ်ပါကြောင်း

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ဧရာဝတီတိုင်းဒေသကြီး)ရုံးဖွင့်ပွဲအခမ်းအနားတက်ရောက်

Ayeyarwaddy Region Government / Posted on July 02, 2025

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ဧရာဝတီ တိုင်းဒေသကြီး) ရုံးခန်းဖွင့်လှစ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ကုန်စည်ဒိုင်ဝန်းအတွင်းရှိ အဆိုပါရုံးခန့်ရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Ministry of Information / Posted on July 02, 2025

၁။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဦးဥတ္တမလမ်း၊ အမှတ် (၄၉) တွင် ပါတီရုံးချုပ်တည်ရှိသော ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၄-၆-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

နေပြည်တော်၌ နိုင်ငံတကာ မူပိုင်ခွင့်ညီလာခံ- ၂၀၂၅ ကျင်းပမည်

Ministry of Information / Posted on July 02, 2025

မြန်မာနိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုထိန်းသိမ်းမှုတို့ကို အားပေးလှုံ့ဆော်သော မူပိုင်ခွင့်ဂေဟစနစ်ကို အားကောင်းစေရန် ဦးတည်ချက်ဖြင့် နိုင်ငံတကာမူပိုင်ခွင့် ညီလာခံ- ၂၀၂၅ ကို ဇူလိုင် ၃ ရက်မှ ၄ ရက်အထိ Jasmine Naypyitaw Hotel ၌ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာမူပိုင်ခွင့်ညီလာခံတွင် ပြည်တွင်း ပြည်ပမှ Keynote Speakers များနှင့် စာတမ်းရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကျောင်းသား ကျောင်းသူများ၊ သုတေသနပညာရှင်များ၊ ဥပဒေအကျိုးဆောင်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း ၃၀၀ ခန့်ဖိတ်ကြား၍ စာတမ်းစုစုပေါင်း ၅၀ ခန့် ဖတ်ကြားသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း‌‌ရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာနမှ သိရသည်။

ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်ထုတ်လွှင့်မည်

Ministry of Information / Posted on July 02, 2025

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အမျိုးသမီးခြောက်ဦးအပေါ် အကြောင်းမဲ့ ရက်ရက်စက်စက်နှိပ်စက်ခဲ့ကြတဲ့ ပခုက္ကူမှ ပြည်သူ့ကာကွယ်ရေးဆိုတဲ့ အကြမ်းဖက် PDF အဖွဲ့” ခေါင်းစဉ်ဖြင့် ဇူလိုင် ၂ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Ministry of Information / Posted on July 02, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၇/ ၂၀၂၅)


Myanmar National Human Rights Commission/ Yangon / June 24, 2025


၁။ ကမ္ဘာစစ်ကြီးများ၏ အနိဋ္ဌာရုံများကို ခံစားကြရပြီးနောက် စစ်ပွဲများ ထပ်မံမပေါ်ပေါက်စေရန်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုဖော်ဆောင်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ရေးဆွဲ၍ ကမ္ဘာ့ကုလသမဂ္ဂကို ဖွဲ့စည်းတည် ထောင်ခြင်းဖြစ်ပါသည်။ ယင်းပဋိညာဉ်စာတမ်းပါ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို တည်တံ့ အောင် ထိန်းသိမ်းဆောင်ရွက်ရာ၌ အပြည်ပြည်ဆိုင်ရာ တရားဥပဒေများနှင့်အညီ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ပြေလည်ကျေအေးအောင် ဆောင်ရွက်ရန်ဟု ဖော်ပြထားသကဲ့သို့ ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း၏ နိဒါန်းတွင်လည်း လူမှုရေးတိုးတက်ရေးနှင့် လူ့ဘဝအဆင့်အတန်း တိုးတက်ကောင်းမွန်ရေးတို့ကို မြှင့်တင်ရာတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့သည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂။ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် ၁၆ အရ နိုင်ငံတစ်နိုင်ငံတွင် တရား ဥပဒေစိုးမိုးမှုအပေါ်အခြေခံသည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရှိရေး၊ လူ့အခွင့်အရေးနှင့် ကောင်းမွန် သောအုပ်ချုပ်ရေးတို့ ဖြစ်ပေါ်လာမှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ပဋိပက္ခအတွင်း ငြိမ်းချမ်းမှုမရှိခြင်းကြောင့် အပြစ်မဲ့ပြည်သူများသည် ဆင်းရဲနွမ်းပါးမှု တာရှည်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခြင်းများ ဖြစ်ပေါ်ပြီး လူသားဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေထိုင်နိုင်ရေး နှင့် လူမှုစီးပွားဘဝတိုးတက်ရေးတို့ကို ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါသည်။

၃။ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးမှာ ခွဲခြား၍မရကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်က အခိုင်အမာ ယုံကြည်ပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် ပဋိပက္ခ များ လျော့နည်းပပျောက်စေရုံသာမက အပြန်အလှန် စာနာနားလည်မှု တည်ဆောက်ခြင်း၊ ဆုံးဖြတ် ချက်များ ချမှတ်ရာတွင် ပါဝင်နိုင်ခြင်း၊ မတူကွဲပြားမှုများကို လေးစားခြင်းနှင့် တရားဥပဒေအရ တန်းတူအခွင့်အရေးရရှိခြင်းစသည့် အခွင့်အရေးများ ရရှိခံစားရခြင်းပင် ဖြစ်ပါသည်။

၄။ နိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် သက်ဆိုင်သူများ အားလုံးပါဝင် သော မျက်နှာချင်းဆိုင်‌ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းသည် အကောင်းမွန်ဆုံး ဆောင်ရွက်ချက် ဖြစ်ပါသည်။ Peace Forum 2025 တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နယ်ပယ် အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံခြားသံတမန်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကဏ္ဍအလိုက် ပါဝင် ပတ်သက်သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ ပါဝင်ကြကြောင်း သိရှိရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါသည်။

၅။ Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသား ပြည်သူ အားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာသော အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးကို အထောက်အပံ့ဖြစ်စေမည့် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download