မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)

Latest News - 100543 items

(၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (33rd ASEAN Armies Rifle Meet - 33rd AARM) ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက်

Ministry of Information / Posted on November 28, 2025

စင်ကာပူနိုင်ငံ၌ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (33rd ASEAN Armies Rifle Meet-33rd AARM) ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် စင်ကာပူတပ်မတော်၏ Singapore Armed Forces Training Institute (SAFTI) သို့ရောက်ရှိခဲ့ပြီး မြို့တွင်း စစ်ဆင်ရေးလေ့ကျင့်ရေးကွင်းနေရာနှင့် မြို့တွင်းစစ်ဆင်ရေးဆောင်ရွက်ရာတွင် အသုံးပြုသည့် သဏ္ဌာန်တူလေ့ကျင့်ရေး အထောက်အကူပြုလက်နက်စနစ်များ၊ လက်ဖြောင့်သေနတ် သရုပ်ပြပစ်ခတ်မှု၊ စောင့်ကြည့်ထောက်လှမ်းရေးသုံး ဒရုန်းသရုပ်ပြ ပျံသန်းမှု၊ မြေပြင်သွားမောင်းသူမဲ့ယာဉ်စနစ်များကို လေ့လာကြည့်ရှုခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးကြိုးပမ်း

Ministry of Information / Posted on November 28, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရန်အောင်မြင်ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ဒိုးနွယ်ကျေးရွာနှင့် ကျေးစာဥကျေးရွာရှိ တောင်သူများ၊ ရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးသည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ (၁/၂၀၂၅) ညှိနှိုင်းအစည်းအဝေးကျင်းပ

Ministry of Information / Posted on November 28, 2025

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ (၁/၂၀၂၅) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၅၁) အစည်းအဝးခန်းမ၌ ကျင်းပသည်။

ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belarusian State University (BSU) ၊ Belarusian State University of Informatics and Radioelectronics (BSUIR) တို့ အစည်းအဝေးကျင်းပ

Ministry of Information / Posted on November 28, 2025

ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belarusian State University (BSU) ၊ Bela-rusian State University of Infor-matics and Radioelectronics (BSUIR) တို့အကြား ပညာရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံတက္ကသိုလ်များအကြား တွေ့ဆုံဆွေးနွေးမှုကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ကောင်စီခန်းမ၌ ကျင်းပသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။

Posted on Nov 28, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။

Posted on Nov 27, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on Nov 26, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။

Posted on Nov 25, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။

Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။

Posted on Nov 23, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)

Myanmar National Human Rights Commission/ Yangon / November 27, 2025

   မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူအားလုံးဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ၂၆-၁၁-၂၀၂၅ ရက်စွဲပါ၊ အမိန့်အမှတ် (၁၀/၂၀၂၅) ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှား စီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား /အကျဉ်းသူ ၇၂၄ ဦးတို့ကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအား လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုခဲ့ပြီး၊ အမိန့်အမှတ် (၁၁/၂၀၂၅) ဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှား စီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၂၃၆၁ ဦးကို ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပါသည်။ ထို့ပြင် အမိန့်အမှတ် (၁၂/ ၂၀၂၅) ဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ ဦးတို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် အမိန့်များ ထုတ်ပြန်ခဲ့ ပါသည်။

   ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၁ တွင် “လူတိုင်းပါဝင်၍ တန်းတူညီမျှ ဆန္ဒမဲ ပေးနိုင်ခွင့်ရှိပြီး လျှို့ဝှက်မဲပေး စနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့် ဖြစ်စေ အချိန်ကာလအပိုင်းအခြားအလိုက် ကျင်းပသော စစ်မှန်သည့် ရွေးကောက်ပွဲများတွင် အဆိုပါဆန္ဒကို ဖော်ထုတ်ရမည်” ဟု ဖော်ပြပါရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၈ (က) တွင် “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက် ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားပါသည်။

   ယခုကဲ့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းနှင့် ကြားနာစစ်ဆေး ဆဲအမှုများကို ပိတ်သိမ်း၍ အမှုမှလွှတ်ရန် အမိန့်များထုတ်ပြန်ခဲ့ခြင်းတို့ကြောင့် လွတ်မြောက်လာသူ များသည် ယင်းတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြစ်လာကြကာ မိမိတို့၏ ဆန္ဒသဘောထားများကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့် ရရှိကြမည်ဖြစ်ပါသည်။ ထို့ပြင် ပုဒ်မ ၅၀၅-က ပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများသည် မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့် ရရှိပြီး စိတ်အေးချမ်းစွာ ဆန္ဒမဲပေးပိုင်ခွင့် ရရှိကြမည် ဖြစ်ပါသည်။

   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးအတွက် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခြင်း၊ အကြံပြုတိုက်တွန်းချက်များပေးပို့ခြင်းတို့ ဆောင်ရွက်လျက်ရှိရာတွင် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်၊ လွတ်ငြိမ်းသက်သာခွင့်တို့အတွက် ထည့်သွင်းစဉ်းစားရာ၌ ပြစ်မှုအားလုံး တန်းတူပါဝင်စေရေး အကြံပြုချက်လည်း ပါဝင်ခဲ့ပါသည်။ ယခုကဲ့သို့ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ ရရှိလာ စေသည့်အတွက် နိုင်ငံတော်မှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နှင့် စပ်လျဉ်းသည့်အမှုများအပေါ် လွတ်ငြိမ်းသက်သာခွင့်အမိန့်များ ထုတ်ပြန်ခဲ့မှုကို ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်

Download ရယူရန်

HOT NEWS
January 4,