မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသတင်းကြေညာချက်

Latest News - 99223 items

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားဖျက်ဆီးလိုသည့် အနုပညာရှင် နှစ်ဦးအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်

Ministry of Information / Posted on October 31, 2025

နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲအပေါ်နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနိုင်မည့်အခြေအနေမှကာကွယ်တားဆီးနိုင်ရန် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှုမရှိသူများအား ထိထိရောက်ရောက်အရေးယူဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၅၃ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး နိုင်ငံပေါင်း ၈ နိုင်ငံမှ ပြည်ပနိုင်ငံသား ၁၄၈ ဦး ထပ်မံစစ်ဆေးနိုင်ခဲ့

Ministry of Information / Posted on October 31, 2025

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း

Ministry of Information / Posted on October 31, 2025

စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃/၂၀၂၅

Ministry of Information / Posted on October 31, 2025

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊   ၃  /၂၀၂၅

အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း

Ministry of Information / Posted on October 31, 2025

အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Posted on Oct 31, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Oct 30, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 26, 2025

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသတင်းကြေညာချက်


Ministry of Information/ Naypyitaw / October 30, 2025
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

သတင်းကြေညာချက်

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁ဝ) ရက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၅ ခုနှစ်၊ (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၂၆) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ပါသည်။

၂။ ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။

၃။ ၂၀၂၅ ခုနှစ်၊ (၆ဝ) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဝယ်ယူခွင့်ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်) တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

HOT NEWS
January 4,