မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်

Latest News - 100054 items

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး United Nation Children’s Fund-UNICEF မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ

Kayin State Government / Posted on November 18, 2025

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး United Nation Children’s Fund-UNICEF မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ယူဆောင်သွားမည့် အားကစားနည်းအလိုက် ပြိုင်ပွဲသုံးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းဝယ်ယူထားရှိမှု ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on November 18, 2025

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာ့အားကစား အောင်နိုင်ရေး၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားရေးနှင့် ရွှေတံဆိပ်ဆုများရရှိအောင် အထောက်အကူဖြစ်စေရေးအတွက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ယူဆောင်သွားမည့် အားကစားနည်းများအလိုက် မြန်မာအားကစားအဖွဲ့များက ပြိုင်ပွဲအသုံးအဆောင် အထောက်အကူပြုပစ္စည်းများ၊ ပြိုင်ပွဲဝင်ဝတ်စုံများ၊ ဖိနပ်များ၊ ပြိုင်ပွဲသုံး လက်နက်ကိရိယာများ ဝယ်ယူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ဘက်ထရီလျှပ်စစ်စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များ စတင်ပြေးဆွဲမည်

Ministry of Information / Posted on November 18, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ နေပြည်တော်-မန္တလေးနှင့် မန္တလေး- နေပြည်တော်ခရီးစဉ်များကို ဘက်ထရီလျှပ်စစ် စက်ခေါင်းများအသုံးပြုပြီး ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ လက်ရှိ RBE များဖြင့် ပြေးဆွဲနေသော အမှတ်(၂၇)အဆန် နေပြည်တော်-မန္တလေးနှင့် အမှတ်(၂၈)အစုန် မန္တလေး-နေပြည်တော် ရထားခရီးစဉ်များကို ပြောင်းလဲပြေးဆွဲပေးသွား မည်ဖြစ်သည်။ 

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Ministry of Information / Posted on November 18, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများ ရိုက်ကူးရေးတွင် သဘင်အနုပညာရှင်များ ပါဝင်ဆောင်ရွက်

Ministry of Information / Posted on November 18, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ရေး အသိပညာပေးနှိုးဆော်မှုများရိုက်ကူးရေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ သဘင်အနုပညာရှင်များ ပါဝင်ဆောင်ရွက်ကြသည်။

(၆၀) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ

Ministry of Transport and Communications / Posted on November 18, 2025

(၆၀) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Posted on Nov 14, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Posted on Nov 13, 2025

မြန်မာ့တူရိယာများ ၂၀၀ ကျပ်တန် (၆) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်


Ministry of Transport and Communications/ Naypyitaw / November 18, 2025
image_latest


မြန်မာ့တူရိယာများ  ၂၀၀ ကျပ်တန် (၆) လုံးပါ     Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား ရောင်းချပေးမည်

        ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာ့တူရိယာတစ်မျိုးချင်းအလိုက် ထုတ်ဝေခဲ့ပြီးသော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်း နိုင်ကြရန် ရည်ရွယ်၍  မြန်မာ့တူရိယာများ  ၂၀၀ကျပ်တန် (၆)လုံးပါ     Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအား   ၂၀၂  ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊         နတ်တော်လဆန်း(၁)ရက် (ကြာသပတေးနေ့) နံနက် (၀၉:၃၀)နာရီ အချိန်မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီး များတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။

      အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက် (ကြာသပတေးနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ပါသည်။  တံဆိပ်ခေါင်းများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ဝယ်ယူနိုင်ရန် ဖြန့်ဝေထားရှိပြီးဖြစ်ပါသည်။    တံဆိပ်ခေါင်း ဝယ်ယူလိုသူများအနေဖြင့် -

ဒေါ်ခင်ညိုညိုမြင့်၊ တာဝန်ခံအရာရှိ (နေပြည်တော်ဗဟိုစာတိုက်ကြီး)၊ ၀၉-၄၄၈၀၀၀၀၉၆

ဦးအောင်စိုး၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၄၅၈

ဦးတင်မောင်မြင့်၊ တာဝန်ခံအရာရှိ (မန္တလေးစာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၅၁၅ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

HOT NEWS
January 4,