မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Latest News - 105075 items
Ministry of Home Affairs / Posted on February 25, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင် ပြည်နယ်၊ မြဝတီ၊ ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် .....................
Ministry of Home Affairs / Posted on February 25, 2026
In order to cause injuries to both peaceable civilians and administrative authorities who are striving to restore the rule of law, extreme terrorists provide financial assistance and instigate destructive activities, such as ..........................
Ministry of Home Affairs / Posted on February 25, 2026
Terrorists have been engaging in battles, carrying out attacks using heavy weapons, drones to drop bombs and improvised explosive devices across towns and villages in various states and regions. .............................
Ministry of Home Affairs / Posted on February 25, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၃၉ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း ...........................
Ministry of Home Affairs / Posted on February 25, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဖဲရိုက်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း .........................
Ministry of Home Affairs / Posted on February 25, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်နှင့် ကျိုက်မရောမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း ......................................
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications/ Naypyitaw / February 24, 2026
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း မှ မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် မြန်မာ့လက်ဖက်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း (၁၁) ရက် (ကြာသပတေးနေ့) နံနက် (၀၉း၃၀) နာရီ အချိန်မှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက် (ကြာသပတေးနေ့) တွင် ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ပါသည်။
တံဆိပ်ခေါင်းနှင့် ပထမနေ့စာအိတ် (Firstday Cover) များအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ဝယ်ယူနိုင်ရန် ဖြန့်ဝေ ထားရှိပြီးဖြစ်ပါသည်။ တံဆိပ်ခေါင်းနှင့် ပထမနေ့စာအိတ် (Firstday Cover) ဝယ်ယူလိုသူများအနေဖြင့် -
ဒေါ်ခင်ညိုညိုမြင့်၊ တာဝန်ခံအရာရှိ (နေပြည်တော်ဗဟို စာတိုက်ကြီး)၊ ၀၉-၄၄၈၀၀၀၀၉၆
ဦးအောင်စိုး၊ တာဝန်ခံအရာရှိ (ရန်ကုန်စာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၄၅၈
ဦးတင်မောင်မြင့်၊ တာဝန်ခံအရာရှိ (မန္တလေးစာတိုက်ကြီး)၊ ၀၉-၄၂၄၀၀၀၅၁၅ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
