ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Latest News - 92603 items

Ministry of Information / Posted on June 14, 2025
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများ ထိခိုက်စေရန်ရည်ရွယ်၍ လမ်း၊ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ရေးနှင့် မသက်ဆိုင်သော အေးချမ်းစွာ သွားလာလျက်ရှိသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များနှင့် အရပ်ယာဉ်များကိုလည်း နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသည်။

Ministry of Information / Posted on June 14, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

Ministry of Information / Posted on June 14, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

Ministry of Transport and Communications / Posted on June 14, 2025
နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Information / Posted on June 14, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ဇွန် ၁၁ ရက်မှ ၁၂ ရက်အထိ “Shaping the Future” ကမ္ဘာကြီး၏ အနာဂတ်ကို ပညာရေးဖြင့်ပုံဖော်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ကာဇန်မြို့၌ ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီး Sergey Kravtsov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် IT Park အဆောက်အအုံရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ နှစ်နိုင်ငံပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့သည်။

Ministry of Information / Posted on June 14, 2025
ပြည်ပပို့ကုန် ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှု နှစ်ဆတိုးမြှင့်နိုင်ရေး၊ အဆင့်မြင့်ကုန်ချောထုတ်လုပ်တင်ပို့နိုင်ရေး၊ ခေတ်မီနည်းပညာများကို အသုံးပြု၍ အစားအစာဘေးအန္တရာယ်ကင်းရှင်းသော အဆင့်မြင့်ကုန်ချောများ တိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သီရိအဏ္ဏဝါခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။