သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
Latest News - 96387 items

Ministry of Information / Posted on September 01, 2025
AFC Women’s Champion League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

Ministry of Information / Posted on September 01, 2025
နေပြည်တော်ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက ထရန်စဖော်မာများတွင် အသုံးပြုသည့် ကြေးကြိုး/ဒန်ကြိုးများနှင့်အတူ တွေ့ရှိသူ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Ministry of Information / Posted on September 01, 2025
နေပြည်တော်ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်း အမှတ် (၅) မိုးစွေ၌ သင်တန်းသားအိပ်ဆောင်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on September 01, 2025
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ ယုဇနကုမ္ပဏီလီမိတက်၏ ပဲပုပ်ဆီထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Ministry of Information / Posted on September 01, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် သာကေတမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း သာကေတသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

Ministry of Information / Posted on September 01, 2025
ယနေ့ကမ္ဘာကြီးကို တည်ငြိမ်အေးချမ်းသောကမ္ဘာကြီးအဖြစ် ပြန်လည်တည့်မတ်ရောက်ရှိနိုင်ရန် နိုင်ငံတိုင်းက နည်းလမ်းရှာဆောင်ရွက်လျက်ရှိကြရာ အနာဂတ်ကိုပိုင်စိုးမည့် လူငယ်ထု၏အခန်းကဏ္ဍ၊ လူငယ်တို့၏ စွမ်းပကားကို သတိမူမိလာကြပြီး လူငယ်များကို စနစ်တကျပျိုးထောင်၍ လူငယ်အခန်းကဏ္ဍကို အလေးထားဖော်ဆောင်လာကြသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
Ministry of Cooperatives and Rural Development/ Naypyitaw / August 26, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
၁။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် စီးပွားရေးသိပ္ပံဘွဲ့သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ(၄)နှစ် ဖြစ်ပါသည်။
၂။ အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ(မည်သည့်ဘာသာတွဲဖြင့်မဆို)ဖြစ်ရမည်။
၃။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်မှ လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများ/ အနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။
၄။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-
(က) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ(သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံစာမူရင်း
(ခ) အမှတ်စာရင်းမူရင်း
(ဂ) ပတ်စပို့ဆိုဒ်ဓါတ်ပုံ(၄)ပုံ
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
၅။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှတဆင့်ပေးပို့၍ဖြစ်စေ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာရွက်စာတမ်းအပြည့်အစုံဖြင့် လျှောက်ထားရမည်။
၆။ လျှောက်လွှာနှင့်လမ်းညွှန်များကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲတွင် ၂၈.၈.၂၀၂၅ ရက် (ကြာသပတေးနေ့)မှ ၂၄.၁၀.၂၀၂၅ ရက် (သောကြာနေ့)ထိ ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ပါသည်။
၇။ တက္ကသိုလ်ဝင်ခွင့်ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန website https://mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Website https://ucms.edu.mm နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၈။ အသေးစိတ်အချက်အလက်များကို ဝန်ကြီးရုံး website https://mcrd.gov.mm ၊ ဤတက္ကသိုလ်၏ Website https://ucms.edu.mm နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ် 09-43045173 , 09-400451795 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)