အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Latest News - 91902 items

ကလေးတို့ပညာ ပိုမိုကောင်းမွန်ရေး မိဘ၊ ဆရာ ပိုမိုပူးပေါင်းဆောင်ရွက်

Ministry of Information / Posted on June 01, 2025

​​​​​​​မနက်ဖြန် (ဇွန် ၂ ရက်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စ တင်ဖွင့်လှစ်တော့မည်။ သူငယ်တန်း (KG) မှသည် ဒွါဒသမတန်း (Grade 12) အထိ ကျောင်းသား ကျောင်းသူကလေးငယ်တို့ ကျောင်းတက်ကြရတော့မည်ဖြစ်သည်။ ပညာသင်ခြင်းသည် ဘဝခရီးအတွက် ဖြည့်ဆည်းကြရခြင်း ဖြစ်သည့်အလျောက် ကျောင်းနေလည်းပျော်၊ စာလည်းတော်ရန် ကျောင်းသား ကျောင်းသူအားလုံး အားထုတ်ကြိုးပမ်းကြရမည် ဖြစ်သလို မိဘ၊ အုပ်ထိန်းသူတို့က ပံ့ပိုး၍ ဆရာ၊ ဆရာမများက သင်ကြားလေ့ကျင့်ပေးကြရမည် ဖြစ်သည်။ မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်မှုကောင်းသည်နှင့်အမျှ ကလေးတို့ပညာရေးတွင် ကောင်းမွန်ကြမည်ဖြစ်သည်။

အခက်အခဲအမျိုးမျိုးကျရောက်ချိန်တွင် စိတ်ဓာတ်ကြံ့ခိုင် ရင်ဆိုင်ကျော်လွှား

Ministry of Information / Posted on June 01, 2025

​​​​​​​မကြာသေးမီက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃၇၄၀၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးနေသူ ၆၇ ဦးရှိသည်။ တွက်ချက်မှုများအရ ငွေကျပ် ၃၆၂၉ ဒသမ ၂၀၈ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ ကြီးမားလှသည်။ ပျက်စီးဆုံးရှုံးမှုကြီးမားသည့်အတွက် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပမှအကူအညီများရရှိရေးအတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ချက်ချင်းအလျင်အမြန် ဆောင်ရွက်ပေးခဲ့သည်။

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on May 31, 2025

နေ့စဉ်မိုးလေဝသသတင်း (ည ၇ နာရီ) ထုတ်ပြန်ချက်

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဆင်း

Kayin State Government / Posted on May 31, 2025

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဆင်း

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on May 31, 2025

နေ့စဉ်မိုးလေဝသသတင်း (ညနေ ၄ နာရီ) ထုတ်ပြန်ချက်

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on May 31, 2025

နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Posted on May 31, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Posted on May 30, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on May 29, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 28, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း


Ministry of Religious Affairs & Culture/ location / September 06, 2024


၁။            အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “အဂတိပယ်ခွာပြည်သာယာ” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အောက်ပါသတ်မှတ်ချက်များ နှင့်ကိုက်ညီသည့်လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည် -

(က)    ပိုစတာနှင့်စပ်လျဉ်း၍ အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီရမည် -

                         (၁)     အသက်              - ၁၄ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်၊ လူရွယ်များ                                                       (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်)၊

(၂)      Format              - JPG ၊ A3 (297 x 420 mm) with correct aspect ratio၊

(၃)     Resolution         - 300 dpi ၊

(၄)     File Size             - 15 Mb ထက်မပိုစေရ၊

(၅)     မြန်မာဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာစကားဖြင့် ရှင်းလင်းချက် စာသားသီးခြားဖော်ပြရန်နှင့် အဖွဲ့လိုက်ယှဉ်ပြိုင်ခြင်းဖြစ်ပါက အဖွဲ့ဝင် တစ်ဦးချင်းက ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါအချက်အလက်များကို ဖြည့်စွက် လျှောက်ထားရန် ဖြစ်ပါသည်။

(ခ)     ပိုစတာနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ Hard Copy ၊ Soft Copy (၂)စုံ ပြုစု၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ နေပြည်တော်သို့ ၃၀-၁၀-၂၀၂၄ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ တစ်ဆင့်ဖြစ်စေ၊ e-mail လိပ်စာဖြစ်သည့် zinwaihnin88@gmail.com သို့ ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတို့၏ Website များတွင် အခမဲ့ Download ရယူနိုင်ပြီး ဦးညိုမြင့်ထွန်းဒုတိယညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ၀၉-၂၀၁၉၀၀၄ နှင့် ဦးလင်းဝေအောင်၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ၀၆၇-၈၁၀၃၃၆၉ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

(ဂ)     ဗီဒီယိုနှင့်စပ်လျဉ်း၍ အောက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီရမည် -

                         (၁)     အသက်              - ၁၄ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်၊ လူရွယ်များ                                                       (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်)၊

(၂)      Format              - mpeg 4၊

(၃)     Resolution         - 1920 x 1080 p ထက်မပိုစေရ၊

(၄)     File Size             - 300 Mb ထက်မပိုစေရ၊

(၅)     Sound               - 16-bit, stereo၊

(၆)     Duration            - 120 Seconds ထက်မပိုစေရ၊

(၇)     မြန်မာဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာစကားဖြင့် စာတန်းထိုး ဖော်ပြရန်နှင့် အဖွဲ့လိုက်ယှဉ်ပြိုင်ခြင်းဖြစ်ပါက အဖွဲ့ဝင်တစ်ဦးချင်းက ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါအချက်အလက်များကို ဖြည့်စွက်လျှောက်ထား ရန် ဖြစ်ပါသည်။

(ဃ)    ဗီဒီယိုနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ Soft Copy (CD) ၂ ချပ် ပြုစု၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်သို့ ၃၀-၁၀-၂၀၂၄ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ၊ e-mail လိပ်စာဖြစ်သည့် ms.khinmoeou@gmail.com သို့ ဖြစ်စေပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို ပြန်ကြားရေး ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတို့၏ Website များ တွင် အခမဲ့ download ရယူနိုင်ပြီး ဒေါ်ခင်မိုးဥ၊ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ၀၉-၅၁၉၆၈၅၀ နှင့် ဒေါ်ဇာဇာမိုး၊ ညွှန်ကြားရေးမှူး၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၆၇-၈၁၀၃၃၄၃ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

(င)     ဆောင်းပါးနှင့်စပ်လျဉ်း၍ ဝင်ရောက်ယှဉ်ပြိုင်လိုပါက အောက်ပါစည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် -

(၁)     အသက်              - ကန့်သတ်ချက်မရှိ၊

(၂)      ဘာသာစကား      - မြန်မာ၊

(၃)     ပုံစံ                     - ကွန်ပျူတာစာစီဖြစ်ရမည်၊

(၄)     အရေအတွက်      - A4 ဆိုဒ် စာမျက်နှာ (၅) မျက်နှာမှ (၇) မျက်နှာအတွင်း၊

(၅)     ကန့်သတ်ချက်     - ကျောကပ်ရေးသားခြင်းမပြုရ၊

(၆)     ကိုးကားချက်များရှိပါက ပြည့်စုံစွာထည့်သွင်းဖော်ပြရန်။

(စ)     ဆောင်းပါးနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ Hard Copy (၁) စုံ၊ Soft Copy (၁)စုံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်သို့ ၃၀-၁၀-၂၀၂၄ ရက်နေ့ (၁၆:၀၀) နာရီမတိုင်မီ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ၊
e-mail လိပ်စာ sabalphyu315@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကို
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတို့၏ Website များတွင် အခမဲ့ download ရယူနိုင်ပြီး ဒေါ်သင်းသင်းဇင်၊ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ၀၉-၅၀၁၂၂၁၃ နှင့် ဒေါ်နန်းရတနာထွန်း၊ ညွှန်ကြားရေးမှူး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ၀၉-၄၅၁၂၃၅၂၁၅ တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။  

               (ဆ)    ပြိုင်ပွဲဝင်ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးများတွင် အောက်ပါအချက်များ ပါရှိပါက ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ -

(၁)     တည်ဆဲဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်ဆန့်ကျင်သော စာသား များ၊ ဇာတ်ကွက်များ၊ သရုပ်ဖော်မှုများ၊ အသုံးအနှုန်းများကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးပြုထားခြင်း၊

(၂)     မူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိခြင်း။

(ဇ)    ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယိုများနှင့် ဆောင်းပါးများကို အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များအတွက် အသုံးပြုခြင်းကို ခွင့်ပြုပေး ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးတို့ကို ပြန်လည်သုံးသပ် ခြင်းနှင့် ပြန်လည်ပေးအပ်ခြင်းများ ပြုလုပ်မည်မဟုတ်ပါ။

(ဈ)     ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယိုနှင့် ဆောင်းပါးတို့အနက်မှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် ပိုစတာ၊ ဗီဒီယိုနှင့်ဆောင်းပါးတို့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် “အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား” တွင်ဆုချီးမြှင့်ပေးမည် ဖြစ်ပါသည်။

                                                                                              

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

HOT NEWS
January 4,