အသိပေးကြေညာချက်
Latest News - 90714 items

Ministry of Information / Posted on May 09, 2025
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီး ၄၀ တို့အတွက် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။

Ministry of Transport and Communications / Posted on May 09, 2025
နေ့စဉ်မိုးလေဝသသတင်း (မွန်းလွဲ ၂ နာရီ) ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on May 09, 2025
နေ့စဉ်မြစ်ရေခန့်မှန်းချက်

Ministry of Information / Posted on May 09, 2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ မေ ၆ ရက် ညနေ ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် နမ့်လွေကြိုးဝိုင်းအတွင်းရှိ ၁/၂၀၂၃ ထင်းရှူးစိုက်ခင်း ဧက ၅၀ နှင့် ၂/၂၀၂၂ ထင်းရှူး စိုက်ခင်းဧက ၁၀၀ တို့ ရှင်သန်အောင်မြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အပင်များ ရေရှည်တည်တံ့စေရေး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။
Ministry of Information / Posted on May 09, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ပြည်သူ့အင်အား ဒီမိုကရေစီပါတီ [People Power For Democracy Party (PPD)] သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့သည်။

Ministry of Information / Posted on May 09, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ညနေပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာ(တောင်ကန်) ကန်ပေါင်အား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှုနှင့် လမ်းဦးစီးဌာနက လမ်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အသိပေးကြေညာချက်
Ministry of Transport and Communications/ Naypyitaw / February 06, 2025

၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနသည် “ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေ (၂၀၁၆)”အရ ခွင့်ပြုထုတ်ပေးလျက်ရှိသည့် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို လုပ်ငန်းဆောင်ရွက်သူ ပြည်သူလူထုအနေဖြင့် အချိန်ကုန်သက်သာစွာနှင့် လုပ်ငန်းများလွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်စေရေး Online ကွန်ပျူတာစနစ်အသုံးပြု၍ လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးနှင့် မန္တလေးတိုင်းဒေသကြီးရုံးတို့တွင် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်း လိုင်စင်ဆိုင်ရာကိစ္စရပ်များအနက် “လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနှင့်ပြင်ဆင်ပြောင်းလဲခြင်းလုပ်ငန်း”တို့ကို ၁၀.၂.၂၀၂၅ ရက်နေ့မှ စ၍ စမ်းသပ်ကာလအဖြစ် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၁.၄.၂၀၂၅ ရက်နေ့မှစတင်၍ Online ကွန်ပျူတာစနစ်အသုံးပြုကာ အပြည့်အဝ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးကြေညာအပ်ပါသည်။
၃။ အသေးစိတ်အချက်အလက်များအား www.dotp.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပါသည်။
Download