Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း

Latest News - 93409 items

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

Ministry of Transport and Communications / Posted on July 01, 2025

နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်

စွမ်းအင်ဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

Ministry of Information / Posted on July 01, 2025

စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်သဇင်လမ်း (တော်ဝင်သီရိလမ်းနှင့် မြတ်မင်္ဂလာလမ်းကြား) လမ်းဘေး ဝဲယာ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဒီမိုကရေစီစနစ်ကို မြန်မာ့နည်း၊ မြန်မာ့ဟန် ကြိုးပမ်းဖော်ဆောင်

Ministry of Information / Posted on July 01, 2025

​​​​​​​မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ပြည်သူများအားလုံး လိုလားသည်။ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်လျက်ရှိသည်။

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ကွင်းဆင်းကြည့်ရှု

Ministry of Information / Posted on July 01, 2025

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် ၂၈ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု)ရှိ ဓာတ်အားခွဲရုံ၊ ကုန်ထုတ်ဌာန၊ စတီးအနားကွပ်ဌာန၊ စတီးအရောင်တင်ဌာနတို့ ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များအား တွေ့ဆုံ

Ministry of Information / Posted on July 01, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆုရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့် တွေ့ဆုံသည်။

ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန် ရုရှားဘာသာစကား (အခြေခံ)သင်တန်းဖွင့်

Ministry of Information / Posted on July 01, 2025

ရုရှားနိုင်ငံသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်၍ ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025

Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း


Ministry of Transport and Communications/ Naypyitaw / June 30, 2025


   မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် လူငယ်များ ဆိုက်ဘာလုံခြုံရေးနယ်ပယ်ကို စိတ်ဝင်စားမှု မြင့်မားလာစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကာ Myanmar Cyber Security Challenge ပြိုင်ပွဲအား ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက် ရှိပါသည်။ ယခုနှစ်အတွက် Myanmar Cyber Security Challenge 2025 (အလွတ်တန်း အဆင့်) ပြိုင်ပွဲကို ၃၀-၈-၂၀၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂ ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

   ပြိုင်ပွဲတွင် အသင်းပေါင်း ၂၅ သင်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ ပြိုင်ပွဲဝင် အသင်း ၂၅ သင်းကျော်လွန်ပါက လက်ရည်စစ်ပွဲအား ၉-၈-၂၀၂၅ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ၂၅ သင်းသာ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ပါသည်။ ပြိုင်ပွဲတွင် Web Security Reverse EngineeringBinary ExploitForensics နှင့် Cryptography ဆိုင်ရာ ပုစ္ဆာများကို ဖြေဆိုရမည်ဖြစ်ပါသည်။

   ပြိုင်ပွဲဝင်လျှောက်လွှာများကို ၃၀-၇-၂၀၂၅ ရက်နေ့ထက် နောက်မကျစေဘဲ ctf@ncsc.gov.mm သို့ အီးမေးလ်ဖြင့် ပေးပို့ရမည်ဖြစ်ပါသည်။ ပြိုင်ပွဲအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၀၉၄၂၄၀၀၀၉၅၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

­­Download  ပြိုင်ပွဲဆိုင်ရာအချက်အလက်များ

Download  ပြိုင်ပွဲဝင်လျှောက်လွှာပုံစံ

­­