Myanmar National Human Rights Commission Statement (16/ 2025)
Latest News - 100823 items
Ministry of Information / Posted on December 03, 2025
နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုး လွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Ministry of Information / Posted on December 03, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့သည့် အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံ၊ တတိယအကြိမ်မြောက် ကောင်စီအစည်းအဝေးနှင့် ဆက်စပ်ပြပွဲများ၊ အစီအစဉ်များသို့ တက်ရောက်ခဲ့သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် တွင် ချုံချင့်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။
Ministry of Information / Posted on December 03, 2025
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရက်စ်နောဂေါ့စ်ခ်မြို့အခြေစိုက် မော်စကိုခရိုင်ဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် ရော့စ်ကွန်ဂရက်ဖောင်ဒေးရှင်း၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ အရှေ့တောင်အာရှစီမံကိန်းများညှိနှိုင်းရေးမှူး မစ္စတာဆာဂေးရှတီရော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁)ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌လက်ခံ တွေ့ဆုံသည်။
Ministry of Information / Posted on December 03, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဓနုဖြူမြို့ရှိ Gold Delta ဆန်စက်ရှိ ရှင်းလင်းဆောင်၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
Ministry of Information / Posted on December 03, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဒေါက်တာမိုဟာမက်မွန်(န)ဝါဟူစိန်အား ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပန်းဝါဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။
Ministry of Information / Posted on December 03, 2025
၁။ ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ မသန်စွမ်းသူများသည် အမြင်အာရုံ၊ အကြားအာရုံ၊ ကိုယ်အင်္ဂါ၊ စိတ်ပိုင်းနှင့် ဉာဏ်ရည်ဆိုင်ရာ စသည့်ချို့ယွင်းအားနည်းမှုတစ်ခုခုနှင့် မသန်စွမ်းမှုတစ်မျိုးမျိုးကို ကြုံတွေ့ခံစားနေရသူများဖြစ်သော်လည်း အချို့ကဏ္ဍများ၌ သာမန်ထက်ပင် စွမ်းဆောင်နိုင်ကြကြောင်း တွေ့ရှိရပါသည်။ မသန်စွမ်းသူများကို ကာကွယ်ပေးရန်၊ ကူညီပေးရန်နှင့် မြှင့်တင်ပေးရန်အလို့ငှာ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံဆုံးဖြတ်ချက်အမှတ် (၄၇/ ၃) ဖြင့် နှစ်စဉ်ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့တွင် (၃၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
Myanmar National Human Rights Commission Statement (16/ 2025)
Myanmar National Human Rights Commission/ location / December 03, 2025
Myanmar National Human Rights Commission Statement (16/ 2025)
