SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်

စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများအားကြည့်ရှုစစ်ဆေး

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့်ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်

ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမားရုံး၌ ဒုတိယဝန်ကြီး တွေ့ဆုံမှာကြား

Application for registration, political party establishment rights ongoing
Feasibility studies must be conducted for the projects which must be cost-effective and beneficial for the people: Senior General
SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / December 03, 2022

ဆင်းကတ်များ မှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်/ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက် မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် သုံးစွဲသူများ အနေဖြင့် မိမိတို့၏ ဆင်းကတ်မှတ်ပုံတင်သည့် အမည် / နိုင်ငံသား စိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး၊ ပြင်ဆင်ရန်လိုအပ်ပါက (၃၁-၁-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်ပါရန် အသိပေးနှိုးဆော် အပ်ပါသည်။ မိမိတို့၏ အမည် / နိုင်ငံသားစိစစ်ရေး ကတ်အမှတ် တို့ မှန်မမှန် စစ်ဆေးသိရှိနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အတွက် *601# ၊ Atom အတွက် *979*3*3# ၊ Ooredoo အတွက် *666# ၊ Mytel အတွက် *966# သို့ခေါ်ဆို၍ ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ၊ Application များနှင့် Website တို့တွင် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန