မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် သတင်းထုတ်ပြန်ကြေညာချက်


Ministry of Information/ Naypyitaw / March 14, 2020


မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် သတင်းထုတ်ပြန်ကြေညာချက် အမှတ်(၁၁/၂၀၂၀)

၂၀၂၀ ခုနှစ်၊ မတ်လ (၁၃)ရက်

ဆန်စပါးဈေးကွက်အခြေအနေ ထုတ်ပြန်ချက်

၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အနေဖြင့် ကမ္ဘာ့နိုင်ငံအများစုတွင် ဖြစ်ပေါ်နေသည့် Corona Virus (Covid-19)အား ကမ္ဘာ့ ကပ်ရောဂါ(Pandemic)အဖြစ် သတ်မှတ်ကြေညာခဲ့သဖြင့် ပြည်သူလူထုအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ ကာကွယ်မှု များနှင့် စားနပ်ရိက္ခာအသုံးအဆောင်များ ဝယ်ယူစုဆောင်းမှုများကို ပြုလုပ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ။

၂။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လတ်တလောအခြေအနေတွင် ပြည်တွင်းဆန်စပါးဈေးကွက် တည်ငြိမ်စေရေး အတွက် နိုင်ငံတော်အစိုးရဌာနများနှင့် လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြစ်သည့် ဆန်စပါးကုန်သည်များ၊ ဆန်စက်လုပ် ငန်းရှင်များ၊ ဆန်ဖြန့်ဖြူးရောင်းချသူများ၊ ကုန်စည်ဒိုင်များ၊ ပြည်ပတင်ပို့သည့် Exporters များနှင့် လည်းကောင်း ပေါင်းစပ်ညှိနှိုင်း လျက်ရှိပြီး ပြည်တွင်းဈေးကွက်အခြေအနေ တည်ငြိမ်စေရန်နှင့် ဖူလုံမှုရှိစေရန် ဦးစားပေး၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ။

၃။ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားချိန်တွင် Covid-19 ၏ နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေမှုနှင့် ပြည်တွင်း/ ပြည်ပဈေး ကွက်များအပေါ် သက်ရောက်မှုကို အသင်းချုပ်အနေဖြင့် နေ့စဉ်လေ့လာသုံးသပ်ကာ တိုင်းဒေသကြီး/ ပြည်နယ်ဒေသအသီးသီးရှိ ပုဂ္ဂလိကလုပ်ငန်းရှင် ကုန်သည်/စက်ပိုင်များ၊ အသင်းအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း၍ ပြည်တွင်းဈေးကွက် တည်ငြိမ်စေရေးနှင့် ပြည်တွင်းစားဆန်ဖူလုံစေရေးအလို့ငှာ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ပြည်ပတင်ပို့ရောင်းချမှုကိုလည်း Exporter များနှင့်ညှိနှိုင်းပြီး စနစ်တကျ စီမံဆောင်ရွက်သွား နိုင်ရန်အတွက် နိုင်ငံတော်အစိုးရအား တင်ပြအကြံပြုသွားမည်ဖြစ်ပါသည်။ ။

၄။ နိုင်ငံတော်အစိုးရနှင့် အချို့သော အဖွဲ့အစည်းများတွင်လည်း အရန်ဆန်စီစဉ်ထားမှုရှိပါသည်။ လတ်တလော အခြေအနေတွင် ပြည်တွင်းဖြန့်ဖြူးရောင်းချနေသည့် ကုန်သည်စက်ပိုင်များ၊ ကုမ္ပဏီများအနေဖြင့်လည်း ပစ္စည်းမှန်၊ဈေးနှုန်းမှန်စွာဖြင့် ရောင်းချ ဖြန့်ဖြူးပေးလျက်ရှိသဖြင့် စိုးရိမ်ပူပန်ရမည့် အခြေအနေမဟုတ်ပါကြောင်းနှင့် ထူးခြားသောလိုအပ်မှု(သို့မဟုတ်) အခက်အခဲ များရှိပါက နောက်ဆက်တွဲပါအတိုင်း ဆက်သွယ်ဆောင်ရွက်နိုင် ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်

နောက်ဆက်တွဲ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် သတင်းထုတ်ပြန်ကြေညာချက်အမှတ် (၀၁/၂၀၂၀)

၂၀၂၀ ခုနှစ်၊ မတ်လ (၁၃) ရက်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

ဖုန်း ၀၁ -၂၃၀၁၁၂၈-၂၉၊ ၀၁ -၂၁၈၂၆၆ - ၆၈ အမှတ် (၂၉)၊ အခန်း (၉၀၁ - ၉၀၃)၊ UMFCCI (၉) လွှာ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း

ဖုန်း ၀၉ - ၅၀၂၉၆၉၂၊ ၀၉ - ၅၁၂၃၄၁၄ အမှတ် (၁၀၀)၊ ဝါးတန်းလမ်း၊ ကွန်ကရစ်အမြန်လမ်းမကြီးဘေး၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း

ဖုန်း ၀၁ - ၂၁၆၆၅၈ - ၅၉ အမှတ် (၂၉)၊ အခန်း (၈၀၄)၊ UMFCCI (၈) လွှာ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

ဝါးတန်းကုန်စည်ဒိုင်

ဖုန်း ၀၉-၅၀၂၉၆၉၂၊ ၀၉-၅၁၂၃၄၁၄ အမှတ်(၁၀၀)၊ ဝါးတန်းလမ်း၊ ကွန်ကရစ်အမြန်လမ်းမကြီးဘေး၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

ဘုရင့်နောင်ကုန်စည်ဒိုင်

ဖုန်း ၀၁-၆၈၆၁၄၇ ဋ(၁)၊ ယုဇနလမ်း၊ ဘုရင့်နောင်ပွဲရုံတန်း၊ အမှတ်(၁)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

မန္တလေးကုန်စည်ဒိုင်

ဖုန်း ၀၉-၂၀၃၁၀၄၇ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ရွှေဘိုကုန်စည်ဒိုင်

ဖုန်း ၀၉-၂၀၁၄၈၇၉၊ ၀၉-၂၁၀၀၆၁၂ အမှတ်(၄)ရပ်ကွက်၊ ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။