ဂျပန်ဘာသာစကားပြောသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ဂျပန်ဘာသာစကားပြောသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်


Sagaing Region Government/ မုံရွာမြို့ / January 18, 2020


၁၈.၁.၂၀၂၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ မေတ္တာရိပ် အမျိုးသမီးစောင့်ရှောက်ရေး ဂေဟာနှင့် သက်မွေးပညာ သင်တန်းကျောင်း၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနနှင့် ZMH and JP ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သော ဂျပန်ဘာသာစကားပြော သင်တန်းဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဉီးမိုးကျော်သူ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်၊ ZMH and JP ကုမ္ပဏီမှ ဥက္ကဋ္ဌ ဉီးဗညားဇော်၊ ကုမ္ပဏီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းတက်ရောက်ကြမည့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဉီးမိုကျော်သူက ဂျပန်ဘာသာစကားပြော သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ZMH and JP ကုမ္ပဏီဒါရိုက်တာမှ မိတ်ဆက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရွှေဘိုမြို့နယ် သင်တန်းတာဝန်ခံ ဉီးခင်မောင်ရွှေက သင်တန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ZMH and JP ကုမ္ပဏီမှဥက္ကဋ္ဌ ဉီးဗညားဇော်က သင်တန်းနှင့်ပတ်သက်သော အချက်အလက်များ၊ ဂျပန်နိုင်ငံသို့ အလုပ်အကိုင်အခွင့်အလမ်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းချပြ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

HOT NEWS
January 4,