စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ တုံ့ပြန် ဆောင်ရွက် အကူအညီပေးရေး ဆရာဖြစ် သင်တန်းသို့ တက်ရောက် အမှာစကားပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ တုံ့ပြန် ဆောင်ရွက် အကူအညီပေးရေး ဆရာဖြစ် သင်တန်းသို့ တက်ရောက် အမှာစကားပြောကြား


Ministry of Information/ ​နေပြည်တော် / May 26, 2020
image_latest


မုံရွာ မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက် (၉)နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သော စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက် အကူအညီပေးရေး ဆရာဖြစ် သင်တန်းသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Quarantine Center များတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မိမိရပ်ရပ် နှင့် ပတ်ဝန်းကျင်တွင် စေတနာ့ဝန်ထမ်းများအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြသူများ အားလုံးကို ဂုဏ်ယူပါကြောင်း၊ စေတနာ့ ဝန်ထမ်းများကို တစ်စုတစ်စည်းတည်းအဖြစ် ပေါင်းစု ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် မြို့နယ်များတွင် စေတနာ့ ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့များကို ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ စေတနာ့ဝန်ထမ်း ဆရာဝန်(၁၃၈)ဦးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်း၍ နည်းပြသင်တန်းကို ဖွင့်လှစ်ပို့ချနိုင်ခဲ့ပြီး ယနေ့သင်တန်းတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် မြို့နယ်များရှိ Quarantine Center များတွင်  လုပ်အားပေးလျက်ရှိသော စေတနာ့ဝန်ထမ်းများကို သင်တန်းပေးသွားမှာဖြစ်ပါကြောင်း။ ဒီလိုသင်တန်းပေးရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချောင်းဦးမြို့နယ်တွင် စေတနာ့ဝန်ထမ်း(၂၆၃)ဦးအား မေ(၁၉)ရက်မှ (၂၀)ရက်နေ့အထိ စေတနာ့ဝန်ထမ်း လက်စွဲ စာအုပ်များ အသုံးပြုလျက် တစ်နေ့(၃) ကြိမ်နှုန်းဖြင့် နှစ်ရက်ကြာ သင်တန်းပို့ချပြီးဖြစ်ပါကြောင်း၊ ယနေ့ (TOT) နည်းပြသင်တန်းကို မုံရွာ၊ ရွှေဘို၊ တန့်ဆည်၊ ရေးဦး၊ ခင်ဦး၊ ဝက်လက်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးမြို့နယ်များမှ သင်တန်းသား (၆၄)ဦးအား နည်းပြဆရာ(၁၀)ဦးမှ အထူးအလေးထား သင်ကြားပေးသွားမှာဖြစ်ကြောင်း။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုလို (TOT) သင်တန်းကို လာရောက်တက် ရောက်နိုင်ခြင်းမရှိသော ဝေးလံဒေသများဖြစ်သော ကသာ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကလေး၊ ကလေးဝ၊ မင်းကင်း၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ လေရှီး၊ ခန္တီး၊ လဟယ် နှင့် နန်းယွန်းမြို့နယ်များမှ နည်းပြသင်တန်း တက်ရောက်မည့်သူများအတွက် ZOOM Training ကို မေ(၂၈)ရက်နေ့ နံနက်(၉)နာရီခွဲမှ မွန်းတည့်(၁၂)နာခွဲအထိ သင်ကြားပေးသွားမှာဖြစ်ပါကြောင်း။ ထို့အပြင် (TOT) သင်တန်းတက်ရောက်ပြီးသူများက သက်ဆိုင်ရာ မြို့နယ်များအလိုက် Quarantine Center များမှ စေတနာ့ ဝန်ထမ်း(၆၅၄၂)ဦးအား ဆင့်ပွား သင်တန်းများကို မေ(၂၉)ရက်နေ့မှ ဇွန်(၆)ရက်နေ့ အထိဖွင့်လှစ် သင်ကြား ပေးသွား မည်ဖြစ်ကြောင်း၊ သင်တန်းများ အဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်သွားရာမှာလည်း စေတနာ့ဝန်ထမ်းများအား Quarantine Center များတွင် (၂၁)ရက်ပြည့်အောင် လုပ်အားပေးဆောင်ရွက်သွားကြဖို့နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများကို အားလုံး စိတ်စေနာအပြည့်ဖြင့် ဆောင်ရွက်သွားကြဖို့ ”တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက် အကူအညီပေးရေးအတွက် သင်တန်းနည်းပြဆရာ(၁၀)ဦးမှ သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)

HOT NEWS
January 4,