စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့နယ် တယ်ပင် အနောက်ကျေးရွာတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု့ အခြေအနေအား သွားရောက်ကြည့်ရှုအားပေးပြီး ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့နယ် တယ်ပင် အနောက်ကျေးရွာတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု့ အခြေအနေအား သွားရောက်ကြည့်ရှုအားပေးပြီး ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်


Ministry of Information/ စစ်ကိုင်းတိုင်းဒေသကြီး / May 30, 2020
image_latest


မုံရွာ  မေ  ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများသည် ယနေ့ နံနက် (၈) နာရီက  ရွှေဘိုမြို့နယ် တယ်ပင်အနောက်ကျေးရွာ ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကာ အဆိုပါတည်ပင်အနောက်ကျေးရွာတွင် မိုးတွင်းကာလ၌ လက်တလော ဖြစ်ပွားလျက် ရှိသော သွေးလွန်တုပ်ကွေး ဖြစ်ပွားနေမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ မိဘပြည်သူများနှင့် တွေ့ဆုံကြည့်ရှု အားပေးပြီး အိမ်ထောင်စု (၁၇) စုမှ ရောဂါဖြစ်ပွားသူ (၂၄) ဦးအတွက် လိုအပ် လျက်ရှိသော ကျန်းမာရေးသုံးပစ္စည်းများအဖြစ် ရေသန့်ဗူးများနှင့် ဓာတ်ဆားထုပ်များကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး‌‌နောက် ခရိုင်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကလည်း ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာများကို  အသေးစိတ် ရှင်းလင်းဟောပြောပေးခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်က  ရွှေဘိုမြို့နယ် တယ်ပင် (န) ကျေးရွာရှိ အိမ်ခြေ(၄၀၀)တွင်  သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အထူးအလေးထား၍ ရွာလုံးကျွတ် ဆေးဖျန်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထွန်းကိုကို (ယင်းမာပင်)

 

HOT NEWS
January 4,