ဒုတိယဝန်ကြီးဦးစိုးအောင် မြင်းခြံခရိုင်အတွင်း လူမှုကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ဒုတိယဝန်ကြီးဦးစိုးအောင် မြင်းခြံခရိုင်အတွင်း လူမှုကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


Ministry of Information/ ​နေပြည်တော် / October 10, 2019
image_latest


မြင်းခြံ အောက်တိုဘာ ၁၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့ နံနက်ပိုင်းတွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ မူလတန်းကြို ကျောင်း၌ မိဘဆရာအသင်း တာဝန်ရှိသူများ၊ မူလတန်းကြိုကျောင်းအုပ်နှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး ရုံးစည်ကြီးကျေးရွာ မူကြိုကျောင်းသွားရာလမ်း ပြုပြင်ရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ရပ်မိ/ ရပ်ဖများသို့ ထောက်ပံ့ပေးအပ်ကာ မူကြိုကလေးငယ်များအား ကစားစရာအရုပ်နှင့် စားစရာမုန့် များပေးဝေသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့နယ် ဖက်ရင်းကျေးရွာ အနန္တမေတ္တာ ဓမ္မဗိမာန်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး မိမိတို့အစိုးရ လက်ထက်တွင် လူမှုရေးပင်စင်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက်(၉၀)နှင့်အထက် စတင်ထောက်ပံ့ခဲ့ရာမှ ယခု (၈၅)နှစ် အထိ အသက်လျော့ချကာ (၈၅)နှစ် အထက်ဘိုးဘွားများအား (၁)လ လျှင် တစ်သောင်းကျပ်နှုန်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ရှင်းလင်းပြောကြားကာ ဦးစီးဌာနရန်ပုံငွေမှ တစ်ဦးလျင် ငွေကျပ်(၃၀၀၀၀ိ/) နှုန်းဖြင့် ဘိုးဘွား(၈၅)ဦးအား ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့နယ် တပ်ကျေးရွာရွှေဘုံ သာကန်ကြီး ကျောင်းတိုက်တွင် လူမှုအားမာန်အဖွဲ့များနှင့်တွေ့ဆုံ အားပေးစကားပြောကြားကာ အသက် (၇၅)နှစ်မှ (၈၅)နှစ်အတွင်းအဘိုးအဘွား (၁၀)ဦးအား တစ်ဦးလျင် ငွေကျပ်(၃၀၀၀၀ိ/) နှုန်းဖြင့် ငွေကြေးများ ထောက်ပံ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့ မူလတန်း ကြိုကျောင်းသို့ သွားရောက်ပြီး မူကြိုကလေးငယ်များအား အရုပ်နှင့် စားစရာမုန့်များ ပေးဝေသည်။

ဆက်လက်၍ ဒုဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့ ဘိုးဘွားရိပ်သာ၌ ဘိုးဘွားရိပ်သာ ကြီးကြပ် မှုကော်မတီများနှင့် တွေ့ဆုံကာ မတည်အလှူငွေ (၅)သိန်းကျပ် ထောက်ပံ့ ခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် မြင်းခြံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးဆောက်လုပ်မည့် မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ ကြောင်းသိရသည်။

 

(သတင်းစဉ်)