ဒုတိယဝန်ကြီး ပါမောက္ခ‌ ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၇)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါကင်းစင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  တက်ရောက်

ဒုတိယဝန်ကြီး ပါမောက္ခ‌ ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၇)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါကင်းစင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 27, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါကင်းစင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ‌ ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။

ပြောကြား

ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပ ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ၌ ဒုတိယဝန်ကြီးက တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်သည် ရှည်လျားပြီး နှစ်နိုင်ငံဝင်ထွက်သွားလာမှု များပြားသည့်အတွက် နယ်စပ်ဒေသ ငှက်ဖျားကူးစက်မှုပပျောက်ရေးသည် နှစ်နိုင်ငံလုံးအတွက် အရေးကြီးပြီး နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်ရေးစီမံချက် အမြန်အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Health Commission မှ  Director General ဖြစ်သူ Dr. Gang Xia, Yunnan Health Commission မှ Deputy Director General ဖြစ်သူ Mr. Zhizhong Song နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr. Daobing Ouyang တို့က အဖွင့်နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ  National  Institute  of  Parasitic Disease နှင့် Yunnan  Institute  of  Parasitic Diseaseများမှ တာဝန်ရှိသူတို့က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုအခြေအနေ၊ ကူးစက်မှုပ‌ပျောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မှုလုပ်ငန်းများနှင့်ပတ်သက်၍  အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National  Disease Control and Prevention Administration ရုံးချုပ်၌ The National Health Commission(NHC)Vice-Minister ဖြစ်သူ Mr. Wang Hesheng,နှင့် တွေ့ဆုံ၍ တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါကူးစက်မှုပပျောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ငှက်ဖျားရောဂါအပြင် အခြားကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာ ၂၄ ရက်တွင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chinese Center for Disease Control and Prevention (China CDC) Director General Professor SHEN Hongbingနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ Malaria Eliminationအတွက် နည်းပညာပံ့ပိုးမှု၊ မြန်မာ-တရုတ်နယ်စပ် ငှက်ဖျားရောဂါထိန်းချုပ်ရေး၊ Public Health Emergencies, HIVနှင့် တီဘီရောဂါတိုက်ဖျက်ရေးကိစ္စများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ 

ထို့နောက် China CDC ရှိ Divisional Directors အဖွဲ့နှင့်တွေ့ဆုံပြီး China CDC သမိုင်းကြောင်း၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များတင်ပြခြင်းအပေါ် အသေးစိတ်ဆွေးနွေးမေးမြန်းခဲ့ပြီး မြန်မာနိုင်ငံမှ ပညာတော်သင်များအား  China  CDC Short Course Training Programs များသို့ စေလွှတ်မည့် အစီအစဉ်နှင့် FETP Programနှင့် ပတ်သက်၍ နှစ်နိုင်ငံ Mentor Exchange အစီအစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ယင်းနောက် China  CDC  Emergency Operting CenterBranch of Vector Biology and Control ဌာန၊ WHO Collaboration Center for Vector Control ရှိ mosquito insectory, insecti-cide lab, climate simulation room များ၊ National Center for  AIDS  and  STD prevention and controlများသို့ လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ဆက်လက်၍ အောက်တိုဘာ၂၅ ရက်တွင် ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ the China International  Development  Cooperation Agency(CIDCA)မှ Vice Chairman, Dr. Boqing Deng နှင့် တွေ့ဆုံ၍ တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါကူးစက်မှုပပျောက်ရေးစီမံချက်အား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ရှမ်းပြည်နယ် (ကျိုင်းတုံ) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်၊ ရှမ်းပြည်နယ်(လားရှိုး) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာ ထွန်းညွန့်ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက် မန်နေဂျာ ဒေါက်တာနေရည်ရည်လင်း၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာဇော်ရိန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါသွားကြပြီး အဆိုပါအဖွဲ့သည် ယနေ့ညနေပိုင်းတွင်  လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

သတင်းစဉ်