နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည်
နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည်
Ministry of Information/ Naypyitaw / July 12, 2024
နေပြည်တော် ဇူလိုင် ၁၂
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကိုစွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝများလည်း နစ်နာလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါနစ်နာမှုများအား ကုစားပေးနိုင်ရန်အလို့ငှာ ယင်းဝန်ထမ်းများကို လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းခြင်းရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists) မှ ပယ်ဖျက်ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသဖြင့် ၁၅-၇-၂၀၂၄ ရက်မှစ၍ အဆိုပါဝန်ထမ်းများသည် မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် သက်ဆိုင်ရာဌာနများသို့ ပြန်လည်သတင်းပို့ကြပါရန် ထုတ်ပြန်ကြေညာအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့
