ပြည်ထောင်စုဝန်ကြီး ဦးဟန်‌ဇော် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပေးအပ်သော အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးဟန်‌ဇော် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပေးအပ်သော အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်


Ministry of Information/ ​နေပြည်တော် / December 14, 2019
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ကြီးမှူးကျင်းပသည့် အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီရုံး Function Hall ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယက ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ယနေ့လက်မှတ်ချီးမြှင့်ပေးအပ်ခြင်းနှင့်အတူ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ လုပ်ငန်း များကို တရားဝင်လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းဖြစ်ပြီး၊ အင်ဂျင်နီယာပညာရှင် များအနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေပုဒ်မ ၃ အပိုဒ်ခွဲ(ဂ)နှင့်အညီ မိမိတို့၏ အင်ဂျင်နီယာ ဝန်ဆောင်မှုလုပ်ငန်းများတွင် သတ်မှတ်ထားသောပညာရပ်ဆိုင်ရာ စံချိန်စံညွှန်း ပြည့်မီရန်၊ နည်းစနစ်မှန်ကန်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရန်၊ ကျင့်ဝတ်သိက္ခာထိန်းသိမ်း စောင့်စည်း ရန်နှင့် တာဝန်ကျေပွန်ရန်စသည့် လိုအပ်ချက်များ ပြည့်စုံအောင် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒဿမအကြိမ် အာဆီယံပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင်လက်မှတ်၊ ဆဋ္ဌမအကြိမ် မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင်လက်မှတ်၊ ပထမအကြိမ် မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာလက်မှတ်၊ ဒဿမအကြိမ် မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်လက်မှတ်၊ အဋ္ဌမအကြိမ် မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာလက်မှတ်၊ စတုတ္ထ အကြိမ် အင်ဂျင်နီယာ ဘွဲ့သင်တန်း အရည်အသွေးစိစစ်အသိအမှတ်ပြုလက်မှတ်နှင့် နဝမအကြိမ် ကုမ္ပဏီအဆင့် သတ်မှတ်ချက် အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းတို့ကို အစီအစဉ်အတိုင်း ကျင်းပသည်။

ယနေ့အခမ်းအနားတွင် အနာဂတ် မြန်မာနိုင်ငံ အင်ဂျင်နီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ဒဿမအကြိမ် အာဆီယံပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင် ၈၉ ဦး၊ ဒဿမအကြိမ် မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် ၆၁ ဦး၊ အဋ္ဌမအကြိမ် မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာ ၁၆၄ ဦး၊ ဆဋ္ဌမအကြိမ် မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင် ၃ ဦးနှင့် ပထမအကြိမ် မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာ ၄ ဦးတို့ကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,