ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ အသက် ၃၇ နှစ် ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးအား တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်

ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ အသက် ၃၇ နှစ် ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးအား တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်


Ministry of Information/ ​နေပြည်တော် / July 04, 2020
image_latest


နေပြည်တော် ဇူလိုင် ၃

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှ အသက် ၃၇ နှစ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးအား တပ်မတော်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ၏သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရသေ့တောင်မြို့နယ် မူစဲကျွန်း ဦးဂါကျေးရွာမှ ကလေး ၄ ယောက်၏ မိခင် အသက် ၃၇ နှစ်ရှိ အမျိုးသမီးတစ်ဦးအား ဇွန် ၃၀ ရက်ည ၁၁ နာရီခန့်တွင် တပ်မတော်သားသုံးဦးက အဓမ္မ ပြုကျင့် ခဲ့သည်ဟု ကာယကံရှင်အမျိုးသမီးက ထုတ်ဖော် ပြောကြားသည်ဟု သတင်းမီဒီယာအချို့က ဖော်ပြနေကြောင်း။

သရက်တောအတွင်း၌သာ အခြေပြု ၎င်းဖြစ်စဉ်အား အသေးစိတ်စိစစ်ရာတပ်မတော်စစ်ကြောင်း တစ်ခုသည် ဇွန် ၃၀ ရက် ည ၇ နာရီတွင် အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့ပြီး ည ၈ နာရီတွင် ရွာ၏မြောက်ဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကာ ရွာမြောက်ဘက်မီတာ ၂၅၀ ခန့်ရှိ သရက်တောအတွင်း၌သာ အခြေပြုခဲ့ကြောင်း၊ နောက်တစ်နေ့ နံနက် ၆ နာရီ တွင် ရွာအတွင်းသို့ ဝင်ရောက်၍ အကြမ်းဖက်သောင်းကျန်းသူ တို့၏ သတင်းအား မေးမြန်းခဲ့ကြောင်း၊ ယင်းနောက် နံနက် ၈ နာရီတွင်ကျေးရွာ၏အရှေ့မြောက်ဘက်ရှိ တောင်ကြောပေါ်သို့ ပြန်လည်ထွက်ခွာ ခဲ့ကြောင်း၊ ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် ရွာ၌ အသက် ၄၀ နှင့် အထက် ကျား ၁၅ ဦး၊ မ ၃၆ ဦး၊ ၁၈ နှစ်အောက် ကျား တစ်ဦး၊ မတစ်ဦး စုစုပေါင်း ၅၃ ဦးသာ တွေ့ရှိ ရကြောင်း၊ ကျန်ရွာသူ ရွာသားများနှင့် အုပ်ချုပ်ရေးမှူးမှာ ဇွန် ၂၇ ရက်တွင် စစ်တွေမြို့ဘက်သို့ ထွက်သွားသည်ဟု သိရှိရကြောင်း။

မှတ်တမ်းတင်ထား တပ်မတော်စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ဆက်စပ်၍ ဝင်ရောက်သတင်းစုံစမ်းခဲ့ခြင်းဖြစ်ကာ ကျေးရွာရှိ ရွာသူရွာသားများ ရှေ့မှောက်တွင်ပင် ပစ္စည်းများပျောက်ရှမှုမရှိကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်း၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အသံဖိုင်များ သက်သေအထောက်အထားအဖြစ် မှတ်တမ်းတင်ထားခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါသတင်းမှာ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန်သတင်း ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်းနှင့် စတင်ဖော်ပြသော သတင်းမီဒီယာများမှာ Narinjara နှင့် Arakan Info Desk-AID တို့ဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းစဉ်

HOT NEWS
January 4,