ကရင်ပြည်နယ်၌ (၆)လအတွင်း သဘာဝဘေးအကြိမ်(၅၀)ဖြစ်ပွားခဲ့

ကရင်ပြည်နယ်၌ (၆)လအတွင်း သဘာဝဘေးအကြိမ်(၅၀)ဖြစ်ပွားခဲ့


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 16, 2018


ဘားအံ အောက်တိုဘာ ၁၃
 ကရင်ပြည်နယ်၌ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ (၆)လတာ ကာလအတွင်း သဘာဝဘေးဖြစ်ပွားမှု အကြိမ်(၅၀)ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ “ပြည်သူ့ဘဝတိုးတက်ပြောင်းလဲဖို့ ဘေးဒဏ်ကြောင့် စီးပွားဆုံးရှုံးမှုလျှော့ချစို့˝ ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တော၊သတ္တုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာက အဖွင့်အမှာစကား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလင်းထွဋ်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားကာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။
 ကရင်ပြည်နယ်အတွင်း (၆)လတာကာလအတွင်း သဘာဝဘေးဖြစ်ပွားမှုအနေဖြင့် မီးဘေး(၆)ကြိမ်၊ ရေဘေး (၃)ကြိမ်၊ လေဘေး (၂၉)ကြိမ်၊ မြေပြိုဘေး(၅)ကြိမ်၊ မိုးကြိုးဘေး (၂)ကြိမ်၊ ကမ်းပြိုဘေး (၅)ကြိမ်၊ စုစုပေါင်း အကြိမ်(၅၀) ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း ၆၉၃၅ စု၊ လူဦးရေ ၄၈၈၃၄ ဦးကျော် ရွှေ့ပြောင်းနေထိုင်ကြရကာ စိုက်ဧကပေါင်း ၃၀၄၉၈ ဧကကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု ၉၉၀ စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနှင့် သေဆုံးထောက်ပံ့မှုတို့ အတွက် စုစုပေါင်းငွေကျပ် ၂၁၃၈၆၁၂၀၀ိ/- ကို ထောက်ပံ့ပေးအပ်ခဲ့ရကြောင်း သိရသည်။
 အခမ်းအနားအပြီးတွင် တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ သူနာပြုသင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက ခင်ကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မှတ်တမ်းဓါတ်ပုံများနှင့် ပြခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,