ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် ကုန်သွယ်ရေး ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် ကုန်သွယ်ရေး ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / April 09, 2019
image_latest


နေပြည်တော် ဧပြီ ၈

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် အမေရိကန်နိုင်ငံ၊ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ကုန်သွယ်ရေး ကိုယ်စားလှယ် Mr. Karl Ehlers နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H. E. Mr. Scot Marciel တို့အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာ- အမေရိကန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား Trade and Investment Framework Agreement ကို လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးတက်လာခဲ့ပြီး အနာဂတ်တွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး၊ ကုန်ထုတ် လုပ်ငန်းကဏ္ဍများ၌ မြန်မာ့လယ်ယာထွက်ကုန်များကို အဓိက အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရေးနှင့် ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

HOT NEWS
January 4,