COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရန် စက်ရုံ၊ အလုပ်ရုံများ ရှောင်တခင် ကွင်းဆင်းကြည့်ရှု စစ်ဆေး

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရန် စက်ရုံ၊ အလုပ်ရုံများ ရှောင်တခင် ကွင်းဆင်းကြည့်ရှု စစ်ဆေး


Sagaing Region Government/ မုံရွာမြို့ / May 25, 2020


(၂၅.၅.၂၀၂၀)ရက်နေ့ (၀၉၁၅)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ၊ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာငြိမ်းငြိမ်းအေး၊ တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေးဦးစီးမှူး ဒေါ်ဌေးဌေးမြင့်၊ တိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးမှူး ဒေါ်ကြည်အေးတို့နှင့်အတူ မုံရွာမြို့ ပေါ်နှင့်စက်မှုဇုန်ရှိ သစ်ပါးလွှာစက်ရုံ၊ ရွှေဟင်္သာတိုင်းရင်းဆေး၊ အေးငြိမ်းသီတာတိုင်းရင်းဆေး၊ လကမ္ဘာ ကြာဇံစက်ရုံတို့အား Mask တပ်ဆင်မှု ရှိ/မရှိ၊ အပူချိန် တိုင်းတာစစ်ဆေးမှု ရှိ/မရှိ၊ Hand Gel၊ လက်ဆေးကန်များ ထားရှိမှု ရှိ/မရှိ၊ အလုပ်သမားများ သတ်မှတ်အကွာအဝေးမှ ဆောင်ရွက်မှု ရှိ/မရှိ၊ တိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ စစ်ဆေးပြီး ဖွင့်လှစ်ခွင့်ပြုလက်မှတ် ရှိ/မရှိ၊ အလုပ်သမားများ၏ ထမင်းစားဆောင်များတွင် သတ်မှတ်အကွာအဝေး ပြင်ဆင်ထားမှု ရှိ/မရှိ စသည်တို့အား အဓိကထား၍ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

​​​​​​​

​​​​​​​

​​​​​​​

​​​​​​​​​​​​​

​​​​​​​

​​​​​​​

HOT NEWS
January 4,