ဗဒ္ဓသိမ်/ဝိသုံဂါမသိမ်လျှောက်ထားခြင်း
ဗဒ္ဓသိမ်/ဝိသုံဂါမသိမ်လျှောက်ထားခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / April 09, 2018
ဝန်ဆောင်မှုရရှိရန် အခြေခံလိုအပ်ချက်များ
(က) သိမ်ဒါယကာ/ဒါယိကာမ၏လျှောက်ထားလွှာ။
(ခ) မြေစာရင်းပုံစံ၁၀၅/၁၀၆(မြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဦးစီးဌာနမှူးများ၏ ရာထူးတံဆိပ်ပါရှိသောလက်မှတ် များပါရှိရမည်)။
(ဂ) ဆရာတော်မှ မြေစွန့်လွှတ်ကြောင်းစာချုပ်။
(ဃ) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဆင့်ဆင့်တို့၏သဘောထား ထောက်ခံချက်။
(င) သာသနာ့မြေဂရန်ရရှိပြီးကြောင်း အမိန့်ကြော်ငြာစာမိတ္တူ။
(စ) သိမ်သမုတ်ပြီးနောက် သိမ်ဆောက်လုပ်မည်ဆိုပါက ဆောက်လုပ် မည့်သိမ်အဆောက်အဦ ပုံစံ (BQ)။
(ဆ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအဆင့်ဆင့်တို့၏ ထောက်ခံချက်များ။
(မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် အဆင့်ဆင့် တင်ပြချက်အရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဗဒ္ဓသိမ်မြေဂရန် ချထားပေးပါသည်။)
လိုအပ်သောစာရွက်စာတမ်းများ
အထက်ဖော်ပြပါ စာရွက်စာတမ်းထောက်ခံချက်များ လိုအပ်ပါသည်။
လျှောက်ထားရန်အဆင့်များ
အထက်ဖော်ပြပါ စာရွက်စာတမ်းထောက်ခံချက်အဆင့်တိုင်း ဆောင်ရွက်ရပါမည်။
ဝန်ဆောင်ခ
မရှိပါ။
ဆက်သွယ်ရမည့်လိပ်စာ
တိုင်းဒေသကြီး/ပြည်နယ်သာသနာရေးမှူးရုံးများ၊ ခရိုင်/မြို့နယ် သာသနာရေးမှူးရုံးများ
Website လိပ်စာ
မရှိပါ။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့အား ဝင်ရောက်လေ့လာနိုင်ပါကြောင်းသတင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / July 06, 2022
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ (၁၉.၇.၂၀၂၂) ရက်နေ့မှ (၂၁.၇.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၅) နှစ်မြောက်...
မော်ကွန်းမှတ်တမ်းများအား ရည်ညွှန်းကိုးကား ဖတ်ရှုရန်အတွက် https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / June 24, 2020
https://www.nam.gov.mm Website Home page ၊ Discover Archives ရှိ Archives Online တွင် Register ပြုလုပ်၍ Online ဝန်ဆောင်မှုပေးခြင်းအား အများပြည်သူများအနေဖြင့်...