မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ရန်အတွက် လိုအပ်ချက်များ (တပ်တွင်း/ပြင်ပဘွဲ့ရ အမျိုးသား/ အမျိုးသမီး)

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ရန်အတွက် လိုအပ်ချက်များ (တပ်တွင်း/ပြင်ပဘွဲ့ရ အမျိုးသား/ အမျိုးသမီး)


ပြည်ထဲရေးဝန်ကြီးဌာန / July 18, 2022

ပြင်ပဘွဲ့ရ (အမျိုးသား၊ အမျိုးသမီး)

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် လစာနှုန်းကျပ်(၂၃၄၀၀၀-၂၀၀၀-၂၄၄၀၀၀) ဖြင့် ဒုတိယ ရဲအုပ်လောင်း (အမျိုးသား၊ အမျိုးသမီး) များ လျှောက်ထားနိုင်ကြောင်း သတင်းစာတွင် ကြော်ငြာထည့်သွင်း ခေါ်ယူပါမည်ဖြစ်ပြီး လျှောက်ထားသူသည် အောက်ဖော်ပြပါ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီ သူဖြစ်ရမည်-

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို/အပျို) ဖြစ်ရမည်။
  • သတ်မှတ်ရက်နေ့တွင် အသက်(၂၃)နှစ်ထက် မကြီးသူဖြစ်ရမည်။ (မဟာဘွဲ့ရရှိသူ များသည်သတ်မှတ်ရက်နေ့တွင် အသက်(၂၅) နှစ်ထက်မကြီးသူ ဖြစ်ရမည်။)
  • အစိုးရအသိအမှတ်ပြု တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
  • ပြင်ပဘွဲ့ရ(အမျိုးသား)များသည် အရပ်အမြင့် ၅ ပေ ၄ လက်မ၊ ရင်အုပ်နဂိုနေ ၃၂ လက်မနှင့် ကိုယ်အလေးချိန် အနည်းဆုံး(၁၁၀)ပေါင်ထက်မနည်းရ၊ ပေါင် (၁၄၀) ထက်မကျော်သူဖြစ်ပြီး၊ ပြင်ပဘွဲ့ရ(အမျိုးသမီး)များသည် အရပ်အမြင့် ၅ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် အနည်းဆုံး (၁၀၀)ပေါင်နှင့် အထက် ရှိရမည်။
  • မျက်မှန်တပ်ဆင်ထားသူများ လျှောက်ထားရန်မလိုပါ။
  • ဆေးအဆင့်(က) ရှိသူဖြစ်ရမည်။
  • နယ်ဘက်တရားရုံးများတွင် မှုခင်းကင်းရှင်းသူဖြစ်ရမည်။
  • ဒုတိယရဲအုပ်လောင်း သင်တန်းပြီးဆုံးပါက ဒုတိယရဲအုပ်အဆင့်တွင်လည်းကောင်း၊ ရဲအုပ်အဆင့်တွင်လည်းကောင်းအနည်းဆုံး အဆင့်ရသက် (၅) နှစ်မပြည့်မီ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နုတ်ထွက်ခွင့် တင်ပြခြင်းမပြုကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးနိုင် သူဖြစ်ရမည်။
တပ်တွင်းဘွဲ့ရ (အမျိုးသား၊ အမျိုးသမီး)

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်များအနက်မှ အောက်ဖော်ပြပါ အရည်အချင်းသတ်မှတ် ချက်နှင့်ကိုက်ညီသူများသည် ဒုတိယရဲအုပ်လောင်း လျှောက်ထားနိုင်ကြောင်း စာရင်း (က) ထုတ်ပြန်ပါမည်-

  • အသက် ၃၀ နှစ်အောက် ဒုတိယရဲအုပ်လောင်း လျှောက်ထားနိုင်ကြောင်း စာရင်း (က) ထုတ်ပြန်ပါက တပ်ဖွဲ့ဝင်(အမျိုးသား၊အမျိုးသမီး) များသည်သတ်မှတ် ရက်နေ့တွင် အသက် ၃၀ နှစ်ထက် မကြီးသူဖြစ်ရမည်။ (အသက်အထောက်အထား အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်လက်မှတ် မိတ္တူပူးတွဲတင်ပြ ရမည်။)
  • အသက် ၄၀ နှစ်အောက်ဒုတိယရဲအုပ်လောင်း လျှောက်ထားနိုင်ကြောင်း စာရင်း(က) ထုတ်ပြန်ပါက တပ်ဖွဲ့ဝင်(အမျိုးသား)များသည် သတ်မှတ်ရက်နေ့တွင် အသက် ၃၀ နှစ်ပြည့်ပြီး အသက် ၄၀ နှစ်ထက်မကြီးသူဖြစ်ရမည်။ တပ်ဖွဲ့ဝင် (အမျိုးသမီး) များသည် သတ်မှတ်ရက်နေ့တွင် အသက် ၃၀ နှစ်ပြည့်ပြီး အသက် ၃၆ နှစ် ထက်မကြီးသူ ဖြစ်ရမည်။ (အသက်အထောက်အထားအတွက် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်လက်မှတ် မိတ္တူပူးတွဲတင်ပြ ရမည်။)
  • အစိုးရအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ (ဘွဲ့ရသည့် ပညာသင်နှစ်အတွက် ဘွဲ့နှင်းသဘင်ကျင်းပပြီးစီးပါက ဘွဲ့လက်မှတ် မူရင်း/ ဘွဲ့နှင်းသဘင်မကျင်းပရသေးပါက ဘွဲ့ရရှိကြောင်းယာယီဘွဲ့ ထောက်ခံစာ မူရင်းတင်ပြရမည်။)
  • တပ်ဖွဲ့ဝင်(အမျိုးသား)များသည် ကိုယ်အလေးချိန် ပေါင် ၁၁၀ ထက်မနည်းရ၊ ပေါင် ၁၄၀ ထက် မကျော်သူဖြစ်ပြီး တပ်ဖွဲ့ဝင်(အမျိုးသမီး)များသည် ကိုယ် အလေးချိန် ပေါင် ၉၅ ထက်မနည်းရ၊ ပေါင် ၁၄၀ ထက် မကျော်သူဖြစ်ရမည်။
  • ဆေးအဆင့် (က)ရှိရမည်။
  • အခြေခံရဲတပ်သားသစ်သင်တန်း တက်ရောက်ပြီးသူဖြစ်ရမည်။
  • မျက်မှန်တပ်ဆင်ထားသူများ လျှောက်ထားရန်မလိုပါ။
  • ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ နယ်ဘက်ဥပဒေအရ အရေးယူခံနေရသူ မဖြစ်စေရ။
  • ဒုတိယရဲအုပ်လောင်းသင်တန်းပြီးဆုံးပါက ဒုတိယရဲအုပ်အဆင့်တွင် လည်းကောင်း၊ ရဲအုပ်အဆင့်တွင်လည်းကောင်း အနည်းဆုံးအဆင့်ရသက် (၃) နှစ်မပြည့်မီ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နုတ်ထွက်ခွင့်တင်ပြခြင်းမပြုကြောင်း ၀န်ခံကတိပြု လက်မှတ် ရေးထိုးနိုင်သူဖြစ်ရမည်။
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့အရာရှိမဟုတ်သူများ အဆင့်တိုးမြှင့်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်း အပိုဒ် ၂၁ ပါအချက်များနှင့် ငြိစွန်းနေသူမဖြစ်စေရ။



ဝန်ဆောင်မှု (အွန်လိုင်း) - ၂ ခု

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏ FSD Online Web Application System (app.fsd.gov.mm)

ပြည်ထဲရေးဝန်ကြီးဌာန / July 23, 2024

မီးသတ်ဦးစီးဌာနသည် အဆောက်အဦများ၏ မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ .....................

Rating

အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ Online မှ တိုင်ကြားခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် / June 23, 2022

Rating