မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
Ministry of Home Affairs / April 03, 2023
လျှောက်ထားသူအားလုံး ပါရှိရမည့်အထောက်အထား
- နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
- အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ ၂ စုံ
- အသက် ၁၀ နှစ်အောက်ဖြစ်လျှင် မွေးစာရင်း မူရင်းနှင့် မိတ္တူ ၂ စုံ
သင်္ဘောသားများဖြစ်ပါက
- ပြည်တွင်းရေကြောင်းမှ အခြေခံပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံမှုသင်တန်းဆင်းလက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ
- သက်တမ်းတိုးဖြစ်ပါက မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက် မှတ်တမ်း(CDC)စာအုပ် မူရင်းနှင့် မိတ္တူ ၂ စုံ
စီးပွားရေးမြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများ
- ကုမ္ပဏီမှတ်ပုံတင် မူရင်းနှင့် မိတ္တူ ၂ စုံ
- ပုံစံ (၆/၂၆) မူရင်းနှင့် မိတ္တူ ၂ စုံ
ကျောင်း/သင်တန်းများ တက်ရောက်လိုလျှင်
- သက်ဆိုင်ရာကျောင်း၏ ခေါ်စာ မူရင်းနှင့် မိတ္တူ ၂ စုံ
ပြည်ပအလုပ်အကိုင်အတွက် လျှောက်ထားသူများ
- အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံခြားအလုပ်သမားမှတ်ပုံတင်ကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
မှီခိုလျှောက်ထားသူများ
- နိုင်ငံခြားသား မှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ် ပေးသွင်းပြီးကြောင်း ထောက်ခံစာ
- လက်ထပ်စာချုပ်ကဲ့သို့သော အထောက်အထားများ
ရဟန်းသံဃာများ/သီလရှင်များ
- သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
- မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ
နိုင်ငံ့ဝန်ထမ်းများ
- သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ပခွင့် မူရင်းနှင့် မိတ္တူ ၂ စုံ
တပ်မတော်သားများ၏ ဇနီး/ ခင်ပွန်းနှင့် သားသမီးများ
- ကက(ကြည်း)၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ
ပြစ်ဒဏ်ကျခံဖူးသူများ
- ထောင်ထွက်လက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ
GREEN CHANNEL-GC
- MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ပြည်ပသို့ ဆေးကုသွားမည့်သူများ၊ ဆေးကုဖော် လိုက်ပါမည့်သူများ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးသွား အေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့်သူများ၊
- MoU အလုပ်သမားများအတွက် အလုပ်သမားဝန်ကြီးဌာန၊ ဘာသာရေးကိစ္စ/သံဃာ/သီလရှင်များအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သင်္ဘောသားများ/လေကြောင်းဝန်ထမ်းများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆေးကု/ကျန်းမာရေးကိစ္စများ အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းများအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အစိုးရကိစ္စ/ပညာသင်ကိစ္စများ အတွက် လုပ်ငန်းများအတွက် ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့်များ ထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ/အတွင်းရေးမှူး၊ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး(နေပြည်တော်) သို့ ရုံးစာဖြင့် ပေးပို့တင်ပြသွားရန် ဖြစ်ပါသည်။
အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးမှု အခြေအနေ
- အသက် ၆၀ ကျော် ကျန်းမာရေးမကောင်းသူ
- ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးကုသမှုခံယူနေသူများ
- ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိသူများ
FAQs
Services (Online) -
126 items
Explore more
ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များအပါအဝင် အခြားဝန်ဆောင်ခများကို Online မှ တစ်ဆင့် ငွေပေးချေမှုစနစ် (e-Payment System)
Ministry of Hotel & Tourism / April 20, 2023
ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လိုင်စင်များအပါအဝင် အခြားဝန်ဆောင်ခများကို Online မှ လျှောက်ထားနိုင်ရန်နှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်နိုင်ရန် (e-License System)
Ministry of Hotel & Tourism / April 20, 2023