၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားခြင်း

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားခြင်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားနိုင်

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၁-၁၀-၂၀၁၈ မှ ၃၀-၉-၂၀၁၉)ရက်နေ့ထိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနက သတ်မှတ်ထားသော သတ်ရုံနှင့်နေရာများတွင် လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့် လိုင်စင် (ကျွဲ၊နွား၊သိုး၊ဆိတ်)ရွာသာကြီး၊ (ဝက်)ရွာသာကြီး၊ (ဝက်)ရွာမ၊ (ကျွဲ၊နွား၊သိုး၊ဆိတ်) မွေးမြူရေးနှင့်မွေးမြူရေး ထွက်ကုန်ပစ္စည်း ထုတ်လုပ်ရေးဇုန်၊လှိုင်သာယာ၊(သိုး-ဆိတ်)ရွေပြည်သာ၊ မြို့နယ်တွင်းအသားထုတ်လုပ်ခွင့် (ဒလမြို့နယ်/ကျွဲ၊နွား၊ဝက်)နှင့် (ဆိပ်ကြီးခနောင်တို မြို့နယ်/ကျွဲ၊နွား)လိုင်စင်တို့၏ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်လွှာများကို တစ်စုံလျှင် (၃၀၀၀/-)နှုန်းဖြင့် (၃၁-၈-၂၀၁၈) ရက်နေ့မှစ၍ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန (ရုံးချုပ်)၊(၁၂)ထပ်ခွဲ ရုံး၊ သတ္တမထပ်၊(၄၆)လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူ၍ (၇-၉-၂၀၁၈)ရက်နေ့ နောက်ဆုံးထား ပြန်လည်တင်ပြလျှောက်ထားရမည်။

ဌာနမှူး တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန



အထူးသတင်း
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •