ပြည်တွင်းရေကြောင်းသွား ရေယာဉ်များအားလိုအပ်သောတိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်၍ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ထုတ်ပေးခြင်း။
ပြည်တွင်းရေကြောင်းသွား ရေယာဉ်များအားလိုအပ်သောတိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်၍ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ထုတ်ပေးခြင်း။
Ministry of Transport and Communications / April 09, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
- ရေယာဉ်အားရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရုံးခွဲ ရှိသောဆိပ်ကမ်းမြို့သို့သွားရောက်၍စစ်ဆေးမှုခံယူနိုင်ရန် လျှောက်ထားခြင်း၊
- လွန်းပေါ်တွင်စစ်ဆေးမှုခံယူရန်ဖြစ်ပါကရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင်လွန်းကျင်းဆိုင်ရာ အချက်အလက်များ တင်ပြ၍အသိအမှတ်ပြုထားသော လွန်းကျင်းတွင်လွန်းတင်၍စစ်ဆေးမှုခံယူခြင်း၊
- ပေးသွင်းရန် အခကြေးငွေများအား ပေးသွင်း၍ လက်မှတ်ထုတ်ယူခြင်း
ဝန်ဆောင်ခ
ရေယာဉ်၏လုံးပေါင်းတန်ချိန် (၁)ယူနစ်လျှင်-
မှတ်ပုံတင်ခ - ၁၀၀ ကျပ်
တိုင်းတာခ - ၁၀၀ ကျပ်
တွက်ချက်ခ - ၁၀၀ ကျပ်
စစ်ဆေးခ - ၅၀ ကျပ်
လိုအပ်သော စာရွက် စာတမ်းများ
ရေယာဉ်များ အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်း အတွက်-
ရေယာဉ်အား စစ်ဆေးမှုခံယူရန်လျှောက်လွှာ၊ ပိုင်ရှင်၏မှတ်ပုံတင် မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ၊ ရေယာဉ်အဟောင်းဖြစ်ပါက ယခင် ထုတ်ပေးထားသောရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်၊ ရေယာဉ်အား ပိုင်ဆိုင်ကြောင်းပိုင်ရှင်၏ကတိဝန်ခံချက်၊ ဤရုံးမှထုတ် ပေးထားသောအတည်ပြုပြီးရေယာဉ်ပုံစံ၊ ဤရုံးမှထုတ်ပေးထားသောတည်ဆောက်ခွင့်ပြုချက်၊ အင်ဂျင်စက်နံပါတ်ပါရှိသည့်ခဲခြစ်စာရွက်၊ ရေယာဉ်အုပ်စက်ခန်းအုပ် လက်မှတ်မူရင်း၊ ဆက်သွယ်ရေးစက် တပ်ဆင်ပြီးကြောင်း ထောက်ခံချက်၊ သင်္ဘောသားစာရင်း၊ သင်္ဘောသား များ အမှန်တကယ်ဆက်သွယ်နိုင်သည့်နေရပ်လိပ်စာ။
ဆက်သွယ်ရမည့်လိပ်စာ
ရေကြောင်းအင်ဂျင်နီယာဌာနခွဲ၊ ဒေါပုံသင်္ဘောကျင်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။
Website လိပ်စာ
မရှိပါ။
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး သော CoC All-in-One Booklet လျှောက်ထားခြင်း
Ministry of Transport and Communications / April 09, 2018
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှပေးသော ဝန်ဆောင်မှုများ
Ministry of Transport and Communications / April 09, 2018
ပဲခူးတိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သက်တမ်းတိုးယာဉ် စစ်ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)
Ministry of Transport and Communications / September 30, 2021
“ဃ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
Ministry of Transport and Communications / April 09, 2018