ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စာမေးပွဲဌာနစုမှ ပေးသောဝန်ဆောင်မှုများ
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စာမေးပွဲဌာနစုမှ ပေးသောဝန်ဆောင်မှုများ
Ministry of Transport and Communications / April 09, 2018
(က) မျက်စိစစ်ဆေးပေးခြင်း
(ခ) Master Permit လက်မှတ်များထုတ်ပေးခြင်း၊
(ဂ) ပဲ့နင်းမှူးစာမေးပွဲများ စစ်ဆေးပေးခြင်းနှင့် လက်မှတ်များထုတ်ပေးခြင်း၊
(ဃ) ရေယာဉ်အုပ်စာမေးပွဲများ စစ်ဆေးပေးခြင်း နှင့် လက်မှတ်များထုတ်ပေးခြင်း၊
ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ
(က) မျက်စိစစ်ဆေးရန်အတွက် ကုန်းပတ်ဌာနတွင် စတင်တာဝန်ထမ်းဆောင်လိုသူများ၊ SIRB လျှောက်ထားလိုသူများ၊ကုန်းပတ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ်ဖြေဆိုလိုသူများ၊ ပဲ့နင်း လက်မှတ်၊ ပါမစ်လက်မှတ်၊ ရေယာဉ်အုပ် လက်မှတ် ဖြေဆိုလိုသူများသည် ရေကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုတွင် မျက်စိစစ်ဆေး ရပါသည်။
(ခ) ကမ်းရိုးတန်းသွား သင်္ဘောကြီးများပေါ်တွင် တာဝန်ထမ်းဆောင်ရန် ကျွမ်းကျင်မှု လက်မှတ်မရှိသော်လည်း ပဲ့နင်းမှူးလက်မှတ် ရှိသည့်ပုဂ္ဂိုလ်များအတွက် ပါမစ်လက်မှတ်များ လျှောက်ထားနိုင်ပါသည်။
(ဂ) ကမ်းရိုးတန်းသွား ကုန်တင်စက်လှေ၊ ငါးဖမ်းစက်လှေများတွင် ပဲ့နင်းမှူးအဖြစ် တာဝန် ထမ်းဆောင်နိုင်ရန်အတွက် ပဲ့နင်းမှူးစာမေးပွဲဖြေဆိုလိုသူများသည် လိုအပ်သော စာရွက် စာတမ်းများနှင့်အတူ ရေကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုတွင် လာရောက်လျှောက်ထား နိုင်ပါသည်။
(ဃ) ပြည်တွင်းရေကြောင်းသွားရေယာဉ်များတွင်ရေယာဉ်အုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန်အတွက်ရေယာဉ်အုပ် စာမေးပွဲဖြေဆိုလိုသူများသည် လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ ရေကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုတွင် လာရောက်လျှောက်ထားနိုင်ပါသည်။
ဝန်ဆောင်ခ
(က) မျက်စိစစ်ဆေးပေးခြင်း - ၃၀၀၀
(ခ) Master Permit - ၂၅၀၀
(ဂ) ပဲ့နင်းမှူးစာမေးပွဲ - ၁၅၀၀
(ဃ) အောင်လက်မှတ် - ၂၅၀၀
(င) ပထမတန်းရေယာဉ်အုပ် - ၂၅၀၀
(စ) အောင်လက်မှတ် - ၂၅၀၀
(ဆ) ဒုတိယတန်းရေယာဉ်အုပ် - ၂၀၀၀
(ဇ) အောင်လက်မှတ် - ၂၅၀၀
(ဈ) တတိယတန်းရေယာဉ်အုပ် - ၁၅၀၀
(ည) အောင်လက်မှတ် - ၂၅၀၀
လိုအပ်သောစာရွက်စာတမ်းများ
(က) MASTER, CHIEF MATE စာမေးပွဲဖြေဆိုရန် မျက်စိစစ်ဆေးရာတွင် လိုအပ်ချက်များ
(က)COC မိတ္တူ
(ခ)ဓါတ်ပုံကြီး(၂)ပုံ
(ဂ)EYE TEST FORM (၂) ရွက်
(ဃ)ဘဏ်ချလံ
(ခ) OOW စာမေးပွဲဖြေဆိုရန် မျက်စိစစ်ဆေးရာတွင် လိုအပ်ချက်များ
(က)SIRB မိတ္တူ
(ခ )ဓါတ်ပုံကြီး(၂)ပုံ
(ဂ )EYE TEST FORM (၂)ရွက်
(ဃ)ဘဏ်ချလံ
(ဂ) PRE-SEA (လူသစ်) လျှောက်ထားရန် မျက်စိ စစ်ဆေးရာတွင် လိုအပ်ချက်များ
(က) (၁၀)တန်းအောင်လက်မှတ်မိတ္တူ
(ခ) မှတ်ပုံတင်မိတ္တူ
(ဂ) EYE TEST FORM (၂) ရွက်
(ဃ) ဓါတ်ပုံကြီး(၂) ပုံ
(ဃ) L . C. T (လူသစ်) လျှောက်ထားရန် မျက်စိစစ်ဆေးရာတွင် လိုအပ်ချက်များ
(က) (၈)တန်းအောင်လက်မှတ်မိတ္တူ
(ခ) မှတ်ပုံတင်မိတ္တူ
(ဂ) EYE TEST FORM (၂)ရွက်
(ဃ) ဓါတ်ပုံကြီး (၂) ပုံ
(င) SIRB လျှောက်ထားရန် မျက်စိစစ်ဆေးရာတွင် လိုအပ်ချက်များ
(က) MMMC ကျောင်းဆင်းလက်မှတ် (၂)စောင် (OR) L.C.T (ARTICLE) မိတ္တူ (OR) PRE SEA လက်မှတ်မိတ္တူ ၊ 4 Ticket မိတ္တူ
(ခ) မှတ်ပုံတင်မိတ္တူ
(ဂ) EYE TEST FORM (၂)ရွက်
(ဃ) ဓါတ်ပုံကြီး (၂) ပုံ
(စ) MASTER PERMIT လက်မှတ် လျှောက်ထားရာတွင် လိုအပ်ချက်များ
(က) လက်ရေးလျှောက်လွှာ
(ခ) ရေယာဉ်ဂရမ် မိတ္တူ
(ဂ) EYE TEST မိတ္တူ
(ဃ) မှတ်ပုံတင် မိတ္တူ
(င) ဓါတ်ပုံ (၂)ပုံ
(စ) schooner လက်မှတ် မိတ္တူ
(ဆ) ပဲ့နင်းမှူးစာမေးပွဲဖြေဆိုရန် လျှောက်ထားရာတွင် လိုအပ်ချက်များ
(က) ပဲ့နင်းမှူးသင်တန်းလျှောက်လွှာပုံစံ
(ခ) ရဲစခန်းထောက်ခံစာ+လှေသားစာရင်း
(ဂ) နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ
(ဃ) မျက်စိအောင်လက်မှတ်
(င) လိုင်စင်ဓါတ်ပုံ (၂)ပုံ
(စ) စာမေးပွဲကြေးချလံမူရင်း
မှတ်ချက်
F.G Service ဖြင့် ဖြေဆိုမည့်သူများသည် လွန်ခဲ့သော(၅)နှစ်အတွင်း မြန်မာ့ ကမ်းရိုးတန်းလုပ်သက်အနည်းဆုံး (၆)လရှိရပါမည်။
(ဈ) ရေယာဉ်အုပ်လက်မှတ် စာမေးပွဲဖြေဆိုရနလျှောက်ထားရာတွင် လိုအပ်ချက်များ
(က) ရေယာဉ်အုပ်သင်တန်းလျှောက်လွှာပုံစံ
(ခ) သက်ဆိုင်ရာဌာန၏ရေယာဉ်လုပ်သက်ထောက်ခံစာ
(ဂ) နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ
(ဃ) မျက်စိအောင်လက်မှတ်
(င) လိုင်စင်ဓါတ်ပုံ (၂)ပုံ
(စ) စာမေးပွဲကြေးချလံမူရင်း
မှတ်ချက် ။ ပထမတန်းရေယာဉ်အုပ်- ဒုတိယတန်း လက်မှတ်ကိုင်ဆောင်ပြီး လုပ်သက်(၁) နှစ်၊ ဒုတိယတန်း ရေယာဉ်အုပ်-တတိယတန်းလက်မှတ်ကိုင်ဆောင်ပြီးလုပ်သက်(၁)နှစ်၊ တတိယတန်းရေယာဉ်အုပ်-သင်္ဘောသား မှတ်ပုံတင် နှင့် လုပ်သက်မှတ်တမ်း စာအုပ်တွင် လုပ်သက် (၂)နှစ်
လျှောက်ထားရန်အဆင့်များ
အထက်ဖော်ပြပါ ရာထူးအားလုံးအတွက် စာမေးပွဲ ကျင်းပပေးရာတွင် လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံပါက စာမေးပွဲဝင်ရောက် ဖြေဆိုခွင့်ရမည်ဖြစ်ပါ သည်။
ဆက်သွယ်ရမည့်လိပ်စာ
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ရေကြောင်းဌာနခွဲ၊ ဒေါပုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
Website လိပ်စာ
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး သော CoC All-in-One Booklet လျှောက်ထားခြင်း
Ministry of Transport and Communications / April 09, 2018
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှပေးသော ဝန်ဆောင်မှုများ
Ministry of Transport and Communications / April 09, 2018
ပဲခူးတိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သက်တမ်းတိုးယာဉ် စစ်ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)
Ministry of Transport and Communications / September 30, 2021
“ဃ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
Ministry of Transport and Communications / April 09, 2018