ပြည်ပမှ တင်သွင်းသည့် ရေယာဉ်များမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း
ပြည်ပမှ တင်သွင်းသည့် ရေယာဉ်များမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 09, 2018
ဝန်ဆောင်မှုရယူရန်လိုအပ်ချက်များ
လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။ အမှန်တကယ် ရေယာဉ် ပိုင်ဆိုင်ကြောင်း တရားရုံး၌ ကျမ်းကျိန်ပြီးဖြစ်ရမည်။ ပြည်တွင်း အခွန်ဦးစီးဌာနမှ ရေယာဉ်အား အခွန်စည်းကြပ်ပြီးကြောင်းပုံစံ (၁) ရရှိပြီးဖြစ်ရမည်။
ဝန်ဆောင်ခ
GT (တန်ချိန်) x ၂၅၀ ကျပ်
လိုအပ်သောစာရွက်စာတမ်းများ
ပိုင်ရှင်၏လျှောက်လွှာ ။
ရေယာဉ်၏ဓါတ်ပုံ (ရှေ့၊ နောက်၊ ဝဲ၊ ယာ၊ အင်ဂျင်)
ရေယာဉ်ပုံစံ (Drawing)
REGISTRY CERTIFICATE
INVOICE
BILL OF SALE (သို့) SALE CONTRACT
TONNAGE CERTIFICATE
SHIP STATION LICENCE
IMPORT LICENCE
PORT CLEARANCE CERTIFICATE
ပြည်ပနိုင်ငံ၏မှတ်ပုံတင်စာရင်းမှ ပါယ်ဖျက်စာ။ (DEREGISTRATION CERTIFICATE)
အကောက်ခွန်ဦးစီးဌာနတွင် အခွန်ပေးသွင်းပြီးကြောင်းထောက်ခံစာ ။
ကုမ္ပဏီလီမိတက် အသင်းဖွဲ့မှတ်တမ်းစာအုပ် ။
ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ။
သင်းဖွဲ့စည်းမျဉ်းများ ။
ကုမ္ပဏီလီမိတက်၏ အသင်းဖွဲ့မှတ်တမ်းစာအုပ် ။
ပို့ဆောင်ရေးဝန်ကြီးဌာနမှ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံစာ ။
ငါးဖမ်း(သို့) ငါးသယ်ရေယာဉ်ဖြစ်ပါကငါးဦးစီးဌာနမှ မှတ်ပုံတင်ခြင်းအပေါ် ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံစာ ။
ပြဿနာပေါ်ပေါက်ပါကတာဝန်ယူဖြေရှင်းမည့် ဂတိဝန်ခံချက် ။
စာရွက်စာတမ်းပြည့်စုံပါက ရေယာဉ်အား စစ်ဆေးပြီး ပိုင်ရှင်ဖြစ်ကြောင်း NOTARY။
လျှောက်ထားရန်အဆင့်များ
လျှောက်ထားလိုသူရေယာဉ်ပိုင်ရှင်မှ လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံပါကရေယာဉ်အား တိုင်းတာစစ်ဆေး၍ GT (တန်ချိန်) သတ်မှတ်ပြီး ကျသင့်ဝန်ဆောင်ခများဘဏ်သို့ ပေးသွင်းပြီး တစ်လ ယာယီ ထောက်ခံချက်ရရှိပါမည်။ စစ်ဆေးတွေ့ရှိချက်အား ဒု-ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြပြီး ခွင့်ပြုမိန့်ရရှိပါက ညွှန်ကြားရေးမှူးချုပ်ထံ လက်မှတ်ရေးထိုးပြီး ပိုင်ရှင်အား ထုတ်ပေးပါသည်။
ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ
ရန်ကုန်မြို့
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
Website လိပ်စာ
မရှိပါ။
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး သော CoC All-in-One Booklet လျှောက်ထားခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 09, 2018
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှပေးသော ဝန်ဆောင်မှုများ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 09, 2018
ပဲခူးတိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သက်တမ်းတိုးယာဉ် စစ်ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / September 30, 2021
“ဃ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 09, 2018