သင်္ဘောသားများအထွက် သတင်းပို့လျှောက်ထားခြင်း
သင်္ဘောသားများအထွက် သတင်းပို့လျှောက်ထားခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 09, 2018
၀န်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
သင်္ဘောသားများသည် သင်္ဘောပေါ်သို့ သွားရောက်တာ၀န် ထမ်းဆောင်ရန်အတွက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရေကြောင်းဌာနခွဲ အထွက်သတင်းပို့ လျှောက်ထား ရန် လိုအပ်ပါသည် ။ ထိုသို့ လျှောက်ထားရန်အတွက်
(က) DMA Website တွင် Testimonial ၀င်ရောက် လျှောက်ထားရမည် ။
(ခ) SRPS လိုင်စင်ရရှိထားပြီးသည့် ကုမ္ပဏီများမှ လိုအပ်သည့်အထောက်အထားများနှင့်အတူ တင်ပြခွင့်ပြုချက် တောင်းခံမည် ။
(ဂ) တင်ပြလာသည့် အထောက်အထားများအား DMA ရေကြောင်းဌာနခွဲမှ တာ၀န်ရှိသူမှ စစ်ဆေးပြီး Testimonial Form အား Approve လုပ်ပေးမည် ဖြစ်ပါသည်။
၀န်ဆောင်ခ
၃၀၀၀/- ကျပ်
လိုအပ်သောစာရွက် စာတမ်းများ
- သင်္ဘောသားများ( Crew )ဖြစ်ပါက (၁၀)တန်းအောင်
- လက်မှတ်၊ COP ၊ Contract တို့ ပူးတွဲတင်ပြရမည်။
- သင်္ဘောသား (အရာရှိ) ဖြစ်ပါက COC လက်မှတ်၊ Contract တို့ပူးတွဲတင်ပြရန်
- MMU ၊ MMMC ကျောင်းဆင်းများ ( DC ) ဖြစ်ပါက ကျောင်းဆင်းလက်မှတ်၊ MOA၊ Contract၊ COP၊ TRB No
လျှောက်ထားရန်အဆင့်များ
အဆင့်(၁)
SRPS ကုမ္ပဏီများမှ ၎င်းတို့၏ သင်္ဘောသားများ အား ပင်လယ်ပြင်လုပ်သက်( Sea Time) ရယူရန်အတွက် Testimonial အား DMA ရုံး ရေကြောင်းဌာနခွဲသို့ လျှောက်ထားပေးရန် လိုအပ်ပါသည်။
အဆင့်(၂)
DMA ရုံး Website သို့ ၀င်ရောက်၍ Sea Service Application List တွင် သင်္ဘောသားနှင့် သက်ဆိုင် သည့် Data အချက်အလက်များ ထည့်သွင်းပြီး လိုအပ်သည့် Attachment များ ပူးတွဲတင်ပြ၍ DMA သို့ Submit လုပ်ပြီး Testimonial လျှောက်ထားရမည်။
အဆင့်(၃)
SRPS ကုမ္ပဏီများမှ တင်ပြလျှောက်ထားလာသည့် Sea Service Application Form အား သက်ဆိုင်သည့် တာ၀န်ခံ အရာထမ်း မှ စစ်ဆေးပြီးနောက် On Line မှတဆင့် ခွင့်ပြုချက် ( Approve ) ပေးမည် ဖြစ်သည်။
ဆက်သွယ်ရမည့် လိပ်စာ
ရန်ကုန်
DMA (ဒေါပုံသင်္ဘောကျင်း)၊ ရေကြောင်းဌာနခွဲ၊ဒေါပုံမြို့နယ်။
၀န်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ
ရန်ကုန်
ဒေါပုံသင်္ဘောကျင်း ၊ ရေကြောင်းဌာနခွဲ ၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန။
Website လိပ်စာ
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး သော CoC All-in-One Booklet လျှောက်ထားခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 09, 2018
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှပေးသော ဝန်ဆောင်မှုများ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 09, 2018
ပဲခူးတိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သက်တမ်းတိုးယာဉ် စစ်ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / September 30, 2021
“ဃ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / April 09, 2018