ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး သော CoP All-in-One Booklet လျှောက်ထားခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး သော CoP All-in-One Booklet လျှောက်ထားခြင်း


Ministry of Transport and Communications / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ရာထူးအဆင့်အလိုက် သတ်မှတ်ထားသော လက်မှတ်များနှင့် သင်တန်းများအားလုံး တက်ရောက် ပြီးစီးမှသာ လျှောက်ထားနိုင်မည်ဖြစ်သည်။

လိုအပ်​​သော စာရွက်စာတမ်းများ

လျှောက်ထားသူ တက်​ရောက်အောင်မြင်ခဲ့​သော သက်ဆိုင်ရာ တတ်ကျွမ်းမှု သင်တန်းဆင်းလက်မှတ်များ

သင်္ဘောသားလုပ်သက်မှတ်တမ်းစာအုပ် (SIRB/CDC)

Medical Certificate

ဓါတ်ပုံ(၁)ပုံ

လျှောက်ထားရန် အဆင့်များ

(က) လျှောက်လွှာတင်ခြင်း

လျှောက်လွှာပုံစံအားဌာနတွင်အခမဲ့ထုတ်ယူနိုင်ပြီးမိမိလျှောက်ထားလိုသည့်လက်မှတ်များအတွက်အချက်အလက်များမှန်ကန်ပြည့်စုံစွာဖြည့်သွင်း၍လိုအပ်သောအထောက်အထားများ၊လက်မှတ်မူရင်းများနှင့်အတူနံနက်(၀၉:၄၅) နာရီမှမွန်းလွဲ (၁၅:၀၀)နာရီအထိသက်ဆိုင်ရာကောင်တာ၌တင်ရန်၊

(ခ) ငွေသွင်းခြင်း

ဌာနမှစစ်ဆေးပြီးသောလျှောက်လွှာနှင့်အတူ သင်္ဘောသားကိုယ်တိုင် သတ်မှတ်ကောင်တာတွင် လက်မှတ်ကြေး ကျသင့်ငွေပေးသွင်းရန်နှင့် လျှောက်လွှာတွင် Digital Signature ရေးထိုး၍လက်ဗွေနှိပ်ရန်၊

(ဂ) CoP Booklet ထုတ်ယူရန် ရက်ချိန်းယူခြင်း

ငွေသွင်းသည့် အထောက်အထား တင်ပြ၍ CoP Booklet စာအုပ် ထုတ်ယူရမည့် ရက်ချိန်း ယူရန်၊   (ခန့်မှန်းခြေ ၁ ပတ်)

(ဃ) CoP Booklet ထုတ်ယူခြင်း

CoP    Booklet ထုတ်ယူရာတွင်    မိမိလျှောက်လွှာတင်ခဲ့စဉ်က     ပြုလုပ်ခဲ့သောလက်မှတ်များ၏ အချက်အလက်များအတိုင်း မှန်ကန် ပြည့်စုံခြင်း ရှိ/မရှိ စစ်ဆေး၍         Register Book တွင် ကာယကံရှင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ယူရန်၊

*နေ့စဉ် (၁၄:၀၀) နာရီ မှ (၁၆:၃၀) နာရီ အတွင်း ထုတ်ယူနိုင်ပါသည်။

Website လိပ်စာ

မရှိပါ။



HOT NEWS
January 4,