Visa On Arrival (Tourist)
Visa On Arrival (Tourist)
Ministry of Immigration & Population / October 30, 2024
၀န်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
- Visa On Arrival(Tourist) လျှောက်ထားမှုအတွက် တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင် (တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အထူး အုပ်ချုပ်ရေးဒေသ)၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ မကာအို (တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ အထူးအုပ်ချုပ်ရေးဒေသ) မှ ကမ္ဘာလှည့်ခရီးသည်များအား ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝန်ဆောင်ခ
- အမေရိကန်ဒေါ်လာ (၅၀)ဒေါ်လာ၊ နေခွင့်သက်တမ်း (၃၀)ရက်
လိုအပ်သော စာရွက်စာတမ်းများ
(၁) အနည်းဆုံး (၆)လ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊
(၂) လွန်ခဲ့သော (၃) လအတွင်း ရိုက်ကူးထားသော (၄ စင်တီမီတာ x ၆ စင်တီမီတာ) ရောင်စုံဓာတ်ပုံ (၂) ပုံ၊
(၃) မြန်မာနိုင်ငံအတွင်း တရားဝင်ဟိုတယ်လိုင်စင် မှတ်ပုံတင်ထားသည့်ဟိုတယ်၏ ကာယကံရှင်အမည်ပါရှိသော ဟိုတယ်ကြိုတင်
စာရင်းလက်မှတ် (Hotel Booking)၊
(၄) ဟိုတယ်ကြိုတင်စာရင်းနှင့် ရက်ကိုက်ညီမှုရှိသော ကာယကံရှင်အမည်ပါရှိသည့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့်လက်မှတ်
(Return Ticket)၊
(၅) လျှောက်ထားချိန်တွင် အမေရိကန်ဒေါ်လာ(၅၀) ပေးသွင်းရပါမည်၊
လျှောက်ထားရန်အဆင့်များ
- ရန်ကုန်/ မန္တလေး/ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ကာယကံရှင်ခရီးသည် ကိုယ်တိုင်လျှောက်ထားနိုင်ပါသည်။
ခွင့်ပြုသည့်လေဆိပ်များ
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport)
- မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (Mandalay International Airport)
- နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (Nay Pyi Taw International Airport)
Website လိပ်စာ
www.mip.gov.mm
FAQs
Services (Online) -
11 items
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေး သော CoC All-in-One Booklet လျှောက်ထားခြင်း
Ministry of Transport and Communications / April 09, 2018
ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှပေးသော ဝန်ဆောင်မှုများ
Ministry of Transport and Communications / April 09, 2018
ပဲခူးတိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သက်တမ်းတိုးယာဉ် စစ်ရက်ချိန်းရယူရန် လျှောက်ထားခြင်း (Online Booking System)
Ministry of Transport and Communications / September 30, 2021
“ဃ” ယာဉ်မောင်းလိုင်စင်ရယူရန် ရေးဖြေဖြေဆိုခြင်းအား Online Booking System ဖြင့်ရက်ချိန်းရယူဆောင်ရွက်ခြင်း
Ministry of Transport and Communications / April 09, 2018
