Government Private Cloud (Hosting) ဝန်ဆောင်မှုများ သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း
Government Private Cloud (Hosting) ဝန်ဆောင်မှုများ
Ministry of Transport and Communications / September 25, 2020
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသည် မြန်မာနိုင်ငံ e-Government လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ အစိုးရအဖွဲ့အစည်းများအသီးသီးမှ Website၊ Application၊ Online Service အစရှိသည့် ဝန်ဆောင်မှုများပေးရာတွင် လိုအပ်သည့် Data Center များတည်ဆောက်ရန်နှင့် စက်ပစ္စည်းများဝယ်ယူတပ်ဆင်ရန်မလိုဘဲ ဤဌာနရှိ e-Government Data Center တွင် လာရောက်ထားရှိနိုင်ရန်အတွက် Government Private Cloud (Hosting) ဝန်ဆောင်မှုကို ပေးလျက်ရှိပါသည်။
Cloud (Hosting) လာရောက်ထားရှိသော Virtual Machine (VM) ၌ အချက်အလက်များ သိမ်းဆည်းသည့် Storage အတွက် HDD များသာမက SSD များပါ အသုံးပြုနိုင်မည်ဖြစ်ပြီး အစိုးရဌာနများအနေဖြင့် မိမိတို့၏စနစ်များအား ပိုမိုလုံခြုံစွာအသုံးပြုနိုင်ရန် Virtual Firewall များနှင့် မိမိတို့ကိုယ်ပိုင်သီးသန့် Virtual Private Network (VPN) ဝန်ဆောင်မှုတို့ကိုလည်း ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
SSD Storage အသုံးပြုခြင်းဖြင့် HDD Storage များထက် Performance ကောင်းခြင်း၊ Input/ Output Operation per second (IOPs) မြင့်မားခြင်း၊ လျင်လျင်မြန်မြန် Manage ပြုလုပ် နိုင်ခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် Application၊ Database နှင့် အခြား Performance မြင့်မားစွာလိုအပ်သည့် Application များတွင် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင် မည်ဖြစ်ပါသည်။
VM Firewall စနစ်ဝန်ဆောင်မှုကို ရယူအသုံးပြုသည့် အစိုးရဌာနများအနေဖြင့် Physical Firewall များကို ဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့ဘဲ ၎င်းတို့၏ Server များအတွက် မိမိတို့၏ လုပ်ငန်းလိုအပ်ချက်အတိုင်း Security Policy and Rule များအား မိမိတို့ စိတ်ကြိုက်စီမံခန့်ခွဲနိုင် သည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
VPN ဝန်ဆောင်မှုကို ရယူအသုံးပြုသည့် အစိုးရဌာနများအနေဖြင့် Physical Firewall, Virtual Firewall များ သီးခြားဝယ်ယူတပ်ဆင်ရန် မလိုအပ်တော့ဘဲ VPN တည်ဆောက်ရန်အတွက် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာခြင်းအကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ဖော်ပြပါ ဝန်ဆောင်မှုများအား ရယူအသုံးပြုလိုပါက အောက်ပါ ဝန်ဆောင်ခနှုန်းထားများအတိုင်း ဝန်ကြီးရုံး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂) သို့ လိပ်မူ၍ လူကိုယ်တိုင် လျှောက်ထားနိုင်ပါသည်။
Government Private Cloud (Hosting) ဝန်ဆောင်မှု၏ ကောက်ခံမည့် ဝန်ဆောင်ခ(လစဉ်ကြေး)
Number of CPU(Core) | Memory(GB) | ကျသင့်ငွေ(ကျပ်) |
---|---|---|
2 | 4 | 45,000 |
2 | 8 | 85,000 |
2 | 16 | 120,000 |
4 | 8 | 100,000 |
4 | 16 | 170,000 |
4 | 32 | 260,000 |
8 | 16 | 220,000 |
8 | 32 | 350,000 |
8 | 64 | 500,000 |
16 | 32 | 450,000 |
16 | 64 | 800,000 |
16 | 128 | 1,000,000 |
32 | 64 | 1,300,000 |
32 | 128 | 1,600,000 |
32 | 256 | 2,000,000 |
မှတ်ချက်။ အသုံးပြုလိုသည့် Storage ပမာဏ အပေါ်မူတည်၍ 1GB လျှင် (HDD- ၂၅ ကျပ် နှင့် SSD- ၁၀၀ ကျပ်) နှုန်းထားများအား ပေါင်းထည့်၍ ကောက်ခံသွားမည် ဖြစ်ပါသည်။
Solid State Storage (SSD), Virtual Machine (VM) Firewall နှင့် Virtual Private Network (VPN) ဝန်ဆောင်မှု၏ ကောက်ခံမည့် ဝန်ဆောင်ခ(လစဉ်ကြေး)
စဉ် | အကြောင်းအရာ | ကျသင့်ငွေ(ကျပ်) |
---|---|---|
၁ | Hard Disk Drive (HDD)- 1GB | 25 |
၂ | Solid State Storage (SSD)- 1GB | 100 |
၃ | Virtual Machine Firewall (Small) | 362,000 |
၄ | Virtual Machine Firewall (Medium) | 875,000 |
၅ | Virtual Machine Firewall (Large) | 1,749,000 |
၆ | Virtual Private Network (VPN) | 3,400 |
Government Private Cloud Service Request Form
FAQs
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း
Ministry of Planning and Finance / August 16, 2024
ဖြည့်စွက်ချက်
- နစ်နာကြေးနှုန်းမှာ လူတစ်ဦးသေဆုံးမှုအတွက် ကျပ် ၃၀ သိန်း၊ ဒဏ်ရာ ရမှုအတွက် အများဆုံး ကျပ် ၂၄ သိန်းနှင့် ပစ္စည်း ပျက်စီးဆုံးရှုံးမှုအတွက် ကျပ် ၁၅ သိန်းဖြစ်ပါသည်။
- ရန်ကုန် (ရုံးချုပ်)၊ က.ည.နတွဲဖက် (ထောက်ကြန့်)ရုံး၊ က.ည.နတွဲဖက် (မြင်သာ) ရုံးနှင့် က.ည.နတွဲဖက် (တောင်ဒဂုံ)၊ က.ည.နတွဲဖက် (အင်းစိန်)ရုံး၊ က.ည.နတွဲဖက် (ရွာသာကြီး) ရုံး၊ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပဲခူးနှင့် သံလျင်မြို့များရှိ မြန်မာ့ အာမခံလုပ်ငန်း ရုံးခွဲများတွင် Mobile payment (Cashless) စနစ်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
- မော်တော်ယာဉ်ပိုင်ရှင်များအား အချိန်ကုန်၊ လူပင်ပန်းမှု သက်သာစွာဖြင့် သူတစ်ပါး ထိခိုက်မှုအာမခံပရီမီယံကြေး ပေးဆောင်နိုင်စေရန် မြန်မာ့အာမခံလုပ်ငန်း Website (သို့မဟုတ်) Myanma Insurance Mobile application တို့မှတဆင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီး Insurance Certificate များ ချက်ချင်း ထုတ်ပေးလျက်ရှိပါသည်။
- နေပြည်တော်၊ မော်လမြိုင်နှင့် ဘားအံရုံးခွဲများတွင်လည်း ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက် ၍ မော်တော်ယာဉ်ပိုင်ရှင်များသို့ Insurance Certificate များ ချက်ချင်း ဆောင်ရွက် ပေးလျက် ရှိပါသည်။
- ယာဉ်မောင်းလိုင်စင်များအတွက် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံပေးဆောင်ခြင်းအား က.ည.န တွဲဖက် (တောင်ဒဂုံ)ရုံးနှင့် က.ည.န တွဲဖက် (ရွာသာကြီး)ရုံးများတွင် ကွန်ပျူတာ စနစ်ဖြင့်ဆောင်ရွက်၍ Insurance Certificate များ ချက်ချင်း ဆောင်ရွက် ပေးလျက် ရှိပါသည်။
- ရန်ကုန် (ရုံးချုပ်)တွင် ပေ(၃၀)အထက် ရေယာဉ်များအတွက် သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံ ပေးဆောင်ခြင်းအား Mobile payment စနစ်ဖြင့်ဆောင်ရွက်၍ Insurance Certificate များ ချက်ချင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
မည်သည့် စက်တပ်ယာဉ်မဆို သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရ နည်း ဥပဒေ ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ပါသည်။ စက်တပ်ယာဉ်ဖြင့် မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းပျက်စီးဆုံးရှုံးခြင်းခံရသည့် နစ်နာသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်မှ ပေးလျော်ရန်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းမှ ပခုံးပြောင်းတာဝန်ယူသည့် အာမခံစနစ် ဖြစ်ပါသည်။
ဝန်ဆောင်ခ
အွန်လိုင်းဝန်ဆောင်ခမှာ ငွေပေးချေမှုတစ်ကြိမ်လျှင် MPU Card၊ Mobile Wallet များဖြင့် ပေးသွင်းလျှင် ၅၀၀ ကျပ်ကျသင့်မည် ဖြစ်ပါသည်။
လျှောက်ထားရန်အဆင့်များ
သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင် သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည် ဖြစ်ပါသည်။ သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံပေးသွင်းရန်အတွက် ယာဉ်မှတ်ပုံတင် စာအုပ် (ယာဉ်လိုင်စင်) လိုအပ်ပါသည်။
-
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
- မည်သည့် စက်တပ်ယာဉ်မဆို သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရ နည်း ဥပဒေ ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ပါသည်။ စက်တပ်ယာဉ်ဖြင့် မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းပျက်စီးဆုံးရှုံးခြင်းခံရသည့် နစ်နာသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်မှ ပေးလျော်ရန်တာဝန်ကို မြန်မာ့အာမခံလုပ်ငန်းမှ ပခုံးပြောင်းတာဝန်ယူသည့် အာမခံစနစ် ဖြစ်ပါသည်။
-
ဝန်ဆောင်ခ
- အွန်လိုင်းဝန်ဆောင်ခမှာ ငွေပေးချေမှုတစ်ကြိမ်လျှင် MPU Card၊ Mobile Wallet များဖြင့် ပေးသွင်းလျှင် ၅၀၀ ကျပ်ကျသင့်မည် ဖြစ်ပါသည်။
လျှောက်ထားရန်အဆင့်များ
(1) သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင် သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည် ဖြစ်ပါသည်။ သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံပေးသွင်းရန်အတွက် ယာဉ်မှတ်ပုံတင် စာအုပ် (ယာဉ်လိုင်စင်) လိုအပ်ပါသည်။