၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 15, 2025
နေပြည်တော် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၂)ရပ်ကွက်၊ မြို့သစ်အမှတ်(၃)ရပ်ကွက်၊ မြို့သစ်အမှတ်(၄)ရပ်ကွက်နှင့် အောင်ပင်လယ်ရပ်ကွက်တို့ရှိ အခြေခံပညာကျောင်းများ၌ ပြန်လည်ကျင်းပမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှု၊ မေးခွန်းနှင့် အဖြေလွှာများ ထိန်းသိမ်းထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး အတွက်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ဆရာ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ (ဈ)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်နှင့် တမ္ပဝတီရပ်ကွက်တို့ရှိ အခြေခံပညာကျောင်းများ၌ ပြန်လည်ကျင်းပမည့် ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေဌာနများ၌ စာမေးပွဲဖြေဆိုရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာမေးပွဲကြီးကြပ်ရေးရုံးများတွင် မေးခွန်း/အဖြေလွှာစသည့် စာရွက်စာတမ်းများအတွက် စနစ်တကျကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 114 items
၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၉ ရက်၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2018
Publication Date: 2018
Page: 32
Language: မြန်မာ
DownloadVolume V, Number 251, 23 Sunday, December 2018
Volume V, Number 250, 22 Saturday, December 2018

Volume V, Number 249, 21 Friday, December 2018
Volume V, Number 248, 20 Thursday, December 2018
Volume V, Number 247, 19 Wednesday, December 2018
Volume V, Number 236, 8 Saturday, December 2018
Publisher: Global New Light of Myanmar/ December 08, 2018
Publication Date: 2018
Page: 15
Language: English
Download
