ဓာတ်မြေဩဇာ ရည်ညွှန်းဈေးနှုန်းများ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / August 04, 2023


တောင်သူများစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သော သွင်းအားစုများအား စိုက်ပျိုးရာသီချိန်အမှီရရှိရေး၊ အရည်အသွေးပြည့်မီစွာနဲ့ ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင် ရေးအတွက် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီအနေဖြင့် မြန်မာ နိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းချက်အရ သွင်းအားစု များဖြစ်သည့် ယူရီးယားမြေဩဇာနှင့် ကွန်ပေါင်းဓါတ်မြေဩဇာ (၁၅ ပတ်လည်) တို့၏ ရည်ညွှန်း ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

၅၀ ကီလိုတစ်အိတ်

စဉ်

အကြောင်းအရာ

ရည်ညွှန်းဈေးနှုန်း (ကျပ်)

ယူရီးယား

( ပုလဲ အလုံးကြီး)

ကွန်ပေါင်း

(၁၅ ပတ်လည်)

၁။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းအတွက် ဈေးနှုန်း

၆၈၈၀၀

၁၁၅၀၀၀

၂။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် မသက်ဆိုင်သော (ပုံမှန်) ဈေးနှုန်း

၇၅၀၀၀

၁၁၅၀၀၀

              အဆိုပါဈေးနှုန်းများမှာ ၁-၈-၂၀၂၃ မှ ၁၅-၈-၂၀၂၃ ရက်အတွင်း ရန်ကုန်အထိုင်ဈေးနှုန်းများ ဖြစ်ပါသည်။

 

 

 

                                                             သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန