ပြည်ကြီးတံခွန်မြို့နယ်၊ (ခ) ရပ်ကွက်တွင် နေအိမ်မီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 31, 2021
image


ပြည်ကြီးတံခွန်မြို့နယ်၊ (ခ) ရပ်ကွက်တွင် နေအိမ်မီးလောင်မှု
    မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ (၇၂)လမ်း၊ ပျူစောထီး (၁၁၆) လမ်းနှင့် ကျန်စစ်သား (၁၁၇) လမ်းကြားနေ ပိုင်ရှင် ကိုထွေး၏ (၂၀×၆၀)ပေ၊ နံကပ် (၂) ထပ် နေအိမ်တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့၊ ၀၂၅၀ အချိန်ခန့်က နေအိမ်ရှိ အပေါ်ထပ်အိပ်ခန်းတွင် တပ်ဆင်ထားသော လျှပ်စစ်မီးဘုတ်ခုံမှ အပူလွန်ကဲပြီး အနီးရှိအိပ်ရာပေါ်သို့ မီးပွားကျ၍ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၁၁) စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၀၃၁၄ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
    အဆိုပါ မီးလောင်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ညစောင့် ကိုဇော်ဝင်း အား ပြည်ကြီးတံခွန်မြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။