မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 09, 2020


 

အောက်တိုဘာလ  ၅   ရက်

၁။         အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက် ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့် ရရှိစေရန်အတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၃-က) ဖြင့် ၁၇-၉-၂၀၂၀ ရက်နေ့မှ ၁၀-၁၀-၂၀၂၀ ရက်နေ့ အထိ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။         သို့ဖြစ်ပါ၍ အဆိုပါ မဲဆန္ဒရှင်များအနေဖြင့် ပုံစံ  (၃-က) ဖြင့် လျှောက်ထားရန် နောက်ဆုံး သတ်မှတ် ရက်ဖြစ်သော ၁၀-၁၀-၂၀၂၀ ရက်နေ့အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ လျှောက်ထားနိုင်ပါကြောင်း ထပ်မံ အသိပေးကြေညာအပ် ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်