မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ သဘောထားထုတ်ပြန်ချက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 27, 2023
image


မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ

သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ၂၇ ရက်၊ သောကြာနေ့

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ယခုချိန်တွင် စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန် ကြိုးပမ်းနေချိန်ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ယခုလို အချိန်တွင် ပြည်တွင်းမငြိမ်မသက်ဖြစ်စေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်သောင်းကျန်းသူအချို့သည် ယနေ့ ၂၇-၁၀-၂၀၂၃ ရက် သောကြာနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များရှိ နေရာအချို့ကို တိုက်ခိုက်ဖျက်စီးမှုများပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူအချို့အား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြကြောင်း သိရှိရပါသည်။

၂။ ယခုဖြစ်စဉ်ကဲ့သို့ အပြစ်မဲ့ပြည်သူများကို ထိခိုက်ပျက်စီးစေရန်နှင့် နိုင်ငံနစ်နာစေရန် ရည်ရွယ်ဆောင်ရွက်နေသော လက်နက်ကိုင်သောင်းကျန်သူများ၏ အကြမ်းဖက် လုပ်ရပ်များကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့